Searching...

“မေခလာသိန်း(သမီး) အထည်ဆိုင်နှင့် ဗုဒ္ဓစေတီရုပ်ပုံတော်”နောက်ဆက်တွဲ အဖြစ်မှန်သတင်း ************************************************** ********************************************



11.4.2013-ရက်နေ့ကဖြစ်ပါတယ်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ မေခလာသိန်း (သမီး) အမည်ရတဲ့ အထည်ဆိုင်သို့ သာကေတမြို့နယ်၊NLD-ပါတီဝင် မဥမ္မာက ယောဂီထမီလာဝယ် ပါတယ်။

ယောဂီထမီအတွက်အထည်တွေ ရွေးနေစဉ်မှာ ဆိုင်ရှင်အမျိုးသမီးက “ဒီလိုအဆင်တွေလည်း ရှိတယ်”ဆိုပြီး အထည်စကိုကိုင်ပြပါတယ်။ မဥမ္မာက ကြည့်လိုက်တာနှင့် တန်းသိပါတယ်။ စေတီပုံက ထင်ထင်ရှားရှားကြီးဖြစ်နေ တာကိုး။ ဒါနဲ့ ၃၅၀၀ိ/ဖြင့် တစ်ထည်ဝယ်လိုက်ပါတယ်။

မင်္ဂလာတောင်ညွန့်-ဈေးသို့မဥမ္မာတစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ ကိုကျော်ကျော်၊ ကိုအောင်ငြိမ်းကျော်နှင့် အခြားလူငယ်တွေလည်းပါ ပါတယ်။မဥမ္မာက ယောဂီထမီသွားဝယ်တာဖြစ်လို့ တစ်နေရာမှာ စောင့် ကျန်နေ ခဲ့တာပါ။ မဥမ္မာက စေတီပုံပါတဲ့အထည်စကိုခေါက်ပြီး ကိုအောင်ငြိမ်း ကျော်တို့ဆီ အပြေးသွားပါတယ်။ ကိုအောင်ငြိမ်းကျော်တို့ကြည့်ပြီးတာနဲ့ မေခလာသိန်း(သမီး) ဆိုင်ကို

တန်းသွားပါတယ်။

သဘောကျဟန်ဆောင်ပြီးသွားမေးရာမှာ “တစ်ထည်ချင်းဆို(၃၅၀၀)ကျပ်။ ဆယ်ထည်ဈေး ဆို(၃၀၀၀)ကျပ်၊ အလိပ်လိုက်ဝယ်ရင်လည်း ရတယ်မောင်လေး ဈေးလျှော့ပေးမယ်”-လို့ ဆိုင်ရှင်အမျိုးသမီး က ပြောပါတယ်။ ဒါနဲ့ ကိုအောင်ငြိမ်းကျော်ကအပြာရောင်နှင့် အနီရောင်တစ်ထည်စီ ၀ယ်လိုက်ပါတယ်။ ဆယ်ထည်ဈေး (၃၀၀၀)ကျပ်နှင့်ပဲ ရခဲ့တာပါ။

ကိုအောင်ငြိမ်းကျော်တို့ကDVB သတင်းထောက်ကို လှမ်းခေါ်လိုက်ပါတယ်။ အဲဒီအချိန်မှာ မဥမ္မာဝယ်ထားတဲ့ အထည်ကို ရဲကသိမ်းသွားပါပြီ။ ဒီကိုအောင်ငြိမ်းကျော်တို့က မဥမ္မာကိုခေါ်ပြီး ရပ်ကွက်ရုံးကိုသွားပြော ပါတယ်။ ရပ်ကွက်ရုံးမှာမြို့နယ်တပ်ဖွဲ့မှူး ဦးဝင်အောင်နီနှင့် စခန်းမှူး ဦးသက်နိုင်တို့ ရောက်လာပြီး စကားပြောကြတာ(၁၁း၀၀)နာရီမှာ (၁၃း၀၀)နာရီထိ နှစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။

၎င်းနောက်ရဲတွေဦးဆောင်ပြီး မေခလာသိန်း(သမီး)ဆိုင်ကို သွားကြပါတယ်။ အားလုံးသိမ်း ဆည်းပြီးသွားပါပြီ။ဒီလိုဖြစ်တာဟာ ရဲတွေက မဥမ္မာတို့အဖွဲ့ကို အချိန်ဆွဲထားပြီးနောက်ပိုင်းမှာ အစဖျောက်ခိုင်းထားပုံရတယ်လို့ ကိုအောင်ငြိမ်းကျော်တို့က ယူဆထားပါတယ်။

မေခလာသိန်း(သမီး)ဆိုင်မှာရဲတွေကိုယ်တိုင်တက်နေချိန်မှာ မွတ်စလင်မ် အမျိုးသမီးကြီး ရောက်လာပြီး “ဒို့က ဗုဒ္ဓဘာသာတွေပါ၊ဒါမျိုးတွေ ဘယ်ရောင်းပါမလဲ”ပြောပြီး ရဲတွေကိုရော ကိုအောင်ငြိမ်းကျော်တို့ကိုပါ ထိုင်ကန်တော့ပါတယ်။ဒီအချိန်မှာ DVB-သတင်းထောက် ရောက်ရှိ လို့ နေပါပြီ။ မှတ်တမ်းလည်းတင်နေပါပြီ။ ကန်တော့နေတဲ့ပုံတွေ လည်းရိုက်ကူးပြီးပါပြီ။

ချက်ချင်းလက်ငင်းကြီးပျောက်သွားတာဆိုတော့ မဥမ္မာတို့က၊ မယုံကြည်ပါဘူး။ ဒါကြောင့် မဥမ္မာကိုယ်တိုင် တက်ရှာဖွေပါတယ် ။ခြောက်ထည်တွေ့ ပါတယ်။ ဟိုအလိပ်ကြားကတစ်ထည် ဒီအလိပ်ကြားက တစ်ထည် ထွက်လာတာပါ။

ရဲတွေကDVB-သတင်းထောက်ကို မလွှင့်ဖို့ ပြင်းပြင်းထန်ထန် တားမြစ် ပါတယ်။ ကင်မရာသိမ်းဖို့အထိ ရည်ရွယ်ကာကင်မရာ ကိုတောင်း လာပါတယ်။ “ပြဿနာတက်သွားမယ် မလွှင့်နဲ့လို့”။ ပြောပြီး ကင်မရာတောင်းတာပါ။DVB-သတင်းထောက်မလေး လေးမွန်က လိပ်စာကဒ်ပဲ ပေးလိုက်ပါတယ်။ အရေးယူလိုက ဆက်သွယ်ရန်ဖြစ်ပါတယ်။

ယိုးဒယားကလာတယ်လို့ဆိုင်ရှင်တွေကပြောတာကို ကိုအောင်ငြိမ်းကျော် တို့က လုံးဝမယုံ ပါဘူး “ဒါဆိုလဲ ယိုးဒယားထိလိုက်မယ်ဗျာ”လို့ပြောခဲ့ပါတယ်။

11.4.2013-ရက်နေ့ည ၈း၀၀ နာရီသတင်းမှာ DVB-က၊ ထုတ်လွှင့်ခဲ့ပါတယ်။

12.4.2013-ရက်နေ့မှာကိုကျော်ကျော်တို့ ကိုအောင်ငြိမ်းကျော်တို့က ဗန်မော်ဆရာတော်ကြီး ထံ သွားတိုင်ပါတယ်။ဗန်မော်ဆရာတော်ကြီးက အပြာရောင်တစ်ထည်နှင့် ဘောင်ချာတစ်ခုကို ယူထားလိုက်ပါတယ်။ တရားစွဲဖို့လည်းတိုက်တွန်းတယ်လို့ ကိုကျော်ကျော်က ပြောပြပါတယ်။

၎င်းညမှာပဲကိုကျော်ကျော်တို့ NLD-အဖွဲ့ဝင်တွေနဲ့ ဆရာတော်ဦးကေသရတို့ အစည်းဝေးထိုင်ပါတယ်။ ဆရာတော်ဦးကေသရဆိုတာထေရ၀ါဒဓမ္မကွန်ရက် အဖွဲ့က သက်တော်ငါး ဆယ်ကျော် အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးပါ။

13.4.2013-ရက်နေ့မှာဆရာတော်ဦးကေသရတို့အဖွဲ့ဟာ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းသို့ သွားခဲ့ကြပါတယ်။ ဆရာတော်ဦးကေသရနှင့်အတူ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ ဦးနေမိန္ဒ၊ ဦးသုစရိတ၊ ဦးသောပါက(ဒုလ္လဘ၊NLD) ဦးအာစာရ-အားလုံး ဒဂုံအရှေ့ပိုင်းမှ သံဃာ(၆) ပါးနှင့် အလိုတော်ပြည့် ဓမ္မာစရိယ တက္ကသိုလ်မှဆရာတော်တစ်ပါး စုစုပေါင်း သံဃာ(၇)ပါး။

ရှေ့နေကြီးဦးအေးပိုင်၊ မေတ္တာတံခွန်အသင်းမှ ကိုလပြည့်ဇင်၊ သာကေတ NLD-မှ မဥမ္မာ၊ ကိုအောင်ငြိမ်းကျော်၊ကိုကျော်ကျော်၊ ကိုဝင်းကြိုင်(ပွဲစား) ကင်မရာဆရာနှင့် ကားဆရာ လေးယောက် တို့ပါ ၀င်ခဲ့ကြပါတယ်။

နှစ်ဦးနှစ်ဖက်ဆွေးနွေးရာမှ အောက်ပါအချက်ဆယ်ချက်ကို ရဲတပ်ဖွဲ့ထံမှ ရရှိလာခဲ့ပါတယ်။


(၁)အထည်စမှာ စေတီပုံတွေပါလာတာဟာ သဘောရိုးနဲ့လုပ်တာပါဟု မြို့နယ်တပ်ဖွဲ့မှူးက ထပ်ခါတလဲလဲပြောကြား။

(၂)ပိတ်လိပ်တစ်ခုလုံး မဟုတ်ဘဲ ဟိုးနားတစ်ကွက် ဒီးနားတစ်ကွက် ပါတာဖြစ်လို့ မတော်တဆ ရိုက်နှိပ်မိသွားတာပါဟုပြောကြား။

(၃)မေးခလာသိန်း(သမီး) အပါအ၀င် (၃)ဆိုင်လုံးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ယခင် သာယာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေပါဟု ပြောကြား။

(၄)လာဘ်ပေးလာဘ်ယူ လုံးဝယူမထားပါဘူး။ ကိုယ့်ကိုကိုယ်တော့ တာဝန်ယူပါတယ် ဟုပြော။

(၅)ဒီအထည်အလိပ်ပေါ်မှာ စေတီပါလာတဲ့အတွက် ဘယ်သူနစ်နာသွားလဲ၊ နစ်နာသူ ဘယ်သူတွေရှိလဲဟုမေး။

(၆)အမှုဖွင့်ထားခြင်းမရှိသေးပါ။ အထက်အဆင့်ဆင့်ကို တင်ပြထားပါတယ်ဟုပြောကြား။ (ရှေ့နေ ဦးအေးပိုင်ကမေးရာ-အမှုဖွင့်ဖို့ အလားအလာမရှိပါ။ နောင်လည်း ဖွင့်မှာမဟုတ်ဟုပြောကြား)

(ရ)သိမ်းထားတဲ့ ထမီ(၇)ထည်လည်း မရှိတော့ဘူး။ အထက်ကို တင်ပြထားပါတယ်။ (ဆရာတော် ဦးကေသရမေးတာကိုဖြေခြင်းဖြစ်)(မဥမ္မာထံမှ တစ်ထည်၊ မဥမ္မာကိုယ်တိုင်တက်ရှာလို့ တွေ့ခဲ့ရတဲ့ ၆ ထည်ကို ဆိုလို။)

(၈)ဒီအထည်စတွေကို ၂၀၀၀/၂၀၀၁ ခုနှစ်လောက်ကတည်း က တွေ့တာဆိုတော့ ဘယ်ကထုတ်တယ်၊ ဘယ်သူဖြန့်ချီတယ်ဆိုတာ မမှတ်မိတော့ဘူး။ တစ်ဝက် တစ်ပျက်ပဲ မှတ်မိတယ်။ ဘောင်ချာလည်း မရှိတော့ဘူး။

(၉)ရည်ရွယ်ချက်မရှိဘဲနဲ့ ပြုလုပ်ကြတာသာဖြစ်။

(၁၀)ပိတ်စ ပိတ်လိပ်သာဖြစ်ဟု အကြိမ်ကြိမ်ပြော။

13.4.2013ရက်နေ့ ညရောက်တဲ့အခါ ဆရာတော်ဦးကေသရက မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဖုန်းဆက်မေးရာ အမှုဖွင့်လိုက်တာပါဘုရား။ အထက်ဖွင့်ခိုင်းလို့ ဖွင့်လိုက်တာပါဘုရား ဟုပြန်လည် လျောက်ထားခဲ့သည်။

ရှေ့နေကြီးဦးအေးပိုင်က ဖုန်းဆက်မေးရာ ပုဒ်မ(၂၉၅) ပ-နံပါတ်မရှိသေး။ တရားလို စခန်းမှူး ဦးသက်ပိုင်တရားခံ ရှာဖွေဆဲ ဖြစ်ကြောင်း ပြန်ပြော သည်ဟု သိရပါသည်။

မေခလာသိန်းဆိုင်ဟာဗုဒ္ဓဘာသာဝင်တွေဟုတ်/မဟုတ် တစ်မြို့လုံး တစ်ဈေးလုံးက သိကြပါတယ်။

ဘာပဲဖြစ်ဖြစ်ရွှေမြန်မာတွေ ယဉ်ကျေးတယ်လို့ ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာ Facebook ထဲမှာ ကုရ်အန်ကျမ်းမီးလောင်ပြီးစ ကုရ်အန်ကျမ်းကို ဗုဒ္ဓဘာသာကောင်လေးတစ်ယောက်က ကိုင်ထားတာတွေ့ရုံနဲ့ ကိုရင်သေးသေးလေးပါမချန်အကုန်သတ်၊ အကုန်ရိုက်၊ အကုန်ဖျက်၊ အကုန်မီးရှို့ အကြမ်းဖက်ခဲ့တာ ကမ္ဘာအသိပါပဲ။

ရွှေမြန်မာတွေကျတော့မသတီစရာထမီ အထည်ကြီးမှာ ဦးထိပ်ထား ကိုးကွယ်ရာ အထွဋ်အမြတ် စေတီတော်ပုံတွေကို သိသိကြီးနဲ့ရည်ရွယ် ချက်ရှိရှိ စော်ကားမော်ကား ပြုလုပ်တာတောင် ဥပဒေဘောင်အတွင်းကပဲ ဆုံးမပဲ့ပြင်ဖို့ပြင်ဆင်နေကြတာ လက်တွေ့မဟုတ်လား။


အပြည့်အစုံသိလိုက ဆက်သွယ်ရန်=


(၁)ဦးကေသရ (ထေရ၀ါဒ ဓမ္မကွန်ရက်) 01.585370

။ ။ 09.5085224

(၂)ဦးနေမိန္ဒ (ထေရ၀ါဒ ဓမ္မကွန်ရက်) 09.5096829

(၃)ဦးအေးပိုင် (ရှေ့နေ) 09.73151922

(၄)ကိုအောင်ငြိမ်းကျော် (သာကေတ NLD) 09.73015620

(၅)ကိုလှမိုး (သာကေတ NLD) 09.421019592

(၆)ကိုလပြည့်ဇင် (မေတ္တာတံခွန်) 09.450059582

(၇)ဦးဝင်အောင်နီ (မြို့နယ်ရဲတပ်ဖွဲ့မှူး) 09.8530345

(၈)ဦးသက်ပိုင် (စခန်းမှူး) 09.5402847
 
အပေါ်သို့!