Searching...

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သား ၂ဦးသေဆုံး



ထိုင်းနိုင်ငံတောင်ပိုင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိုင်းစစ်သား နှစ်ဦးသေဆုံးခဲ့ပြီး လုံခြုံရေးသမား
ခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့အဆိုအရ ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်မှာရှိတဲ့ ပါးတနီးပြည်နယ်တွင်းက အစိုးရရုံးတွေ၊ မိုဘိုင်းဖုန်း ဧရိယာတိုင်တွေနဲ့ ကုန်စုံဆိုင်တွေဟာ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားရာနေရာ ၃၂နေရာထဲမှာပါဝင်နေတြာ

ဖစ်ပါတယ်။

အခုလိုအကြမ်းဖက်တိုက်ခိုက်တာတွေဟာ များသောအားဖြင့် ခြုံခိုတိုက်ခိုက်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မွန်စလင်လူမျိုးတွေ အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှ
ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ကိုးနှစ်အတွင်းမှာ လူပေါင်း ငါးထောင်ငါးရာကျော်သေဆုံးခဲ့ပြီးလို့လည်း သိရပါတယ်။

ABC Radio Australia
credit: အမေ့အိမ်
 
အပေါ်သို့!