Searching...

☺မြန်မာဆန်ဆန် မိန်းမလှငယ်လေးတွေ အလိုရှိသည်☺

အကြောင်းက တော့ လာမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ပြိုင်ပွဲဝင် နိုင်ငံကိုယ်စားပြု ဆိုင်းဘုတ်ကိုင်ဖို့အတွက် အမျိုးသမီး ၁၁ ဦး နဲ့ ပိတ်ပွဲ အခမ်းအနားမှာ အားကစား နည်း ၃၃ ခုကို ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်ဖို့ အမျိုးသမီး
၃၃ ဦး လိုအပ်နေတာကြောင့်ပါ။

ဒါကလည်း မိမိသဘောဆန္ဒအလျှောက် ကိုယ်တိုင်လျှောက်ထားသူတွေကို တိုင်းနယ်ပြည်နယ်တွေက အမျိုးသမီးငယ်လေးတွေကိုလည်း ပါဝင်စေလို
တဲ့အတွက် သက်ဆိုင်ရာ ဒေသ၊ ပြည်နယ်၊ တိုင်းအတွင်း မှာ ရှိကြတဲ့ လူမှုရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ အမျိုးသမီးရေးရာအဖွဲ့တွေဆီကို

ဆက်သွယ်စာရင်းပေး ရမှာပါလို့ ယနေ့ ထုတ် မြန်မာ့အလင်း သတင်း
စာမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက အသိပေး ကြေညာထားပါ တယ်။

အရည်အချင်းတွေနဲ့ပတ်သက်လို့တော့

၁။ မြန်မာတိုင်းရင်းသူဖြစ်ရမယ်
၂။ ရုပ်ရည်ပြေပြစ်ချောမောသူ အပျို ဖြစ်ရမယ်။
၃။ ခန္ဓာကိုယ် အချိုးအစားပြေပြစ်ရမယ်
၎။ အရပ်အမြင့်က ၅ ပေ ၄ လက်မ ရှိနေရမယ်
၅။ အသက်က ၁၈ နှစ်မှ ၂၂ နှစ်အတွင်းပဲ ဖြစ်ရမယ်
၆။ တက္ကသိုလ်ကျောင်းသူ ဒါမှမဟုတ် ဘွဲ့ရသူဖြစ်ရမယ်။
၇။ အင်္ဂလိပ်လို အသင့်အတင့် ပြောတတ်ဆိုတတ်ရမယ်။
၈။ မြန်မာဆန်တဲ့ အသားအရောင်ရှိရမယ်။ ( ဖြူတာကိုလား၊ ညိုတာကိုလား မသဲကွဲပါ)
၉။ ဆံပင်အနက်ရောင် ဖြစ်ရမယ်။
၁၀။ လှယဉ်ကျေးမယ် ၀တ်စုံနဲ့ ၁ လ အတွင်း ရိုက်ထားတဲ့ ဓာတ်ပုံ ( ၆ x ၄ လက္မ) ၊ ကိုယ်လုံးပေါ် ရှေ့ တည့်တည့် တပုံ၊ ဘေးစောင်း တပုံ၊ ၆ x ၄ လက္မ အရွယ် ရှေ့တည့်တည့်က ကိုယ်တပိုင်းပုံ စတဲ့ ဓာတ်ပုံတွေ လိုအပ်ပါတယ်။

သက်ဆိုင်ရာ ဒေသ၊ တိုင်း၊ ပြည်နယ်တွေက အမျိုးသမီးရေးရာအဖွဲ့တွေက ကူညီပေးဖို့လည်း ယဉ်ကျေးမှု ၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အရှေ့တောင်အာရှ အားကစားပွဲမှာ မြန်မာပြည်က မြန်မာမိန်းကလေးတွေရဲ့ အလှကို သိစေမြင်စေချင် လို့ အခုလို ဖိတ်ခေါ်ထားတာလည်းဖြစ်နိုင်ပါတယ်။

MISS CHRISTAMS 2012 တွင် ပြိုင်ပွဲဝင်နေသူများကိုတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင်

အိမ့်သံစဉ်
ဧရာဝတီ
 
အပေါ်သို့!