Unknown 5:56 AM 0 ဝေဖန်မှု့အရေအတွက် မိတ္ထီလာပဋိပက္ခ ဖျက်ဆီးခံဘာသာရေး အဆောက်အအုံများ ပြန်ဆောက်ရန် အစီအစဉ်မရှိဟုဆို Home » Unlabelled » မိတ္ထီလာပဋိပက္ခ ဖျက်ဆီးခံဘာသာရေး အဆောက်အအုံများ ပြန်ဆောက်ရန် အစီအစဉ်မရှိဟုဆို ရွှေဆိုင်တွင် အငြင်းပွားရာမှ တစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာပဋိပက္ခတွင် မီးရှို့ ဖျက်ဆီးခံရသည့် အိမ်ခြေများကိုသာ ပြန်လည်တည်ဆောက်ပေးရန် ရှိသော်လည်း ဘာသာရေး အဆောက်အအုံများ ကိုမူ ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။ မိတ္ထီလာ ပဋိပက္ခတွင် မီးရှို့ဖျက်ဆီး ခံရသည့် အိမ်ခြေပေါင်း ၁၅၉၄ လုံးကို တစ်အိမ် လျှင် ကျပ် ၃၅ သိန်းလေးသောင်းတန်ဖိုးရှိ အိမ်များတည်ဆောက်ပေးရန် စီစဉ်လျက် ရှိကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ဘာသာရေး အဆောက်အအုံ ကိုးလုံးခန့်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးအရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယခုအခါ အိမ်အလုံးပေါင်း ၁၃၈ လုံး ပြန်လည်တည်ဆောက်ပေး လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။ တစ်အိမ်လျှင် ကျပ် ၃၅ သိန်း လေးသောင်းကျော် တန်ဖိုးရှိ အိမ်များကို ဆောက်လုပ်ပေးလျက်ရှိရာ အချို့ အိမ်ပိုင်ရှင် များသည် ကိုယ်တိုင်ဆောက်လုပ်လိုပါက အဆိုပါပမာဏကို ထုတ်ပေးလျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောဆိုသည်။ မိတ္ထီလာပဋိပက္ခတွင် ပျက်စီးသွား သည့်အိမ်များ ပြန်လည်တည်ဆောက်ရာ တွင် ဗြဟ္မစိုရ် နာမှုလူမှု ကူညီရေးအသင်း သည် အိမ်တစ်လုံး တည်ဆောက်ရန် လှူဒါန်းထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ပျက်စီးသွားသော အိမ်အတွက် မိသားစုများကို နိုင်ငံတော်အစီအစဉ်ဖြင့် အဆင့်မြင့် တိုက်ခန်းနှင့် အိမ်ရာစခန်းများ တည်ဆောက်ရန် စီစဉ်နေကြောင်း မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့် က ပြောကြားသည်။ The Voice Weekly Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati