Searching...

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး iPhone 5



ဈေးနှုန်း - ဒေါ်လာ ၁၀ သန်း
ကိုယ်ထည် - ၂၄ ကာရက် ရွှေ ၁၃၅ ဂရမ် နှင့် စိန်အလုံး ၆၀၀
Home Button - ၂၆ ကာရက် စိန်နက်

ဤဖုန်းရဲ့ ကိုယ်ထည်ဟာ iPhone 5 ရဲ့ မူရင်းကိုယ်ထည်ကို ရွှေစိမ်ထားတာ မဟုတ်ပါဘူး။ ရွှေသားစစ်စစ်နဲ့ ဖန်တီး ပြုလုပ်ထားတဲ့ ကိုယ်ထည်ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ကို ရွှေသားစစ်စစ်သုံးပြီး လက်ချည်းသက်သက်နဲ့ အသေးစိတ် ထုဆစ်ဖန်တီးမှုအတွက် စုစုပေါင်း အချိန် ၉ ပတ် ကြာပါတယ်။

သုံးထားတဲ့တာကတော့ ၂၄ ကာရက် ရွှေသားစစ်စစ် ၁၃၅ ဂရမ် အလေးချိန် ရှိပါတယ်။

ကိုယ်ထည်ရဲ့ ပတ်ပတ်လည်မှာ စိန်အလုံးပေါင်း ၆၀၀ နဲ့ အနားကွပ်ပေးထားပါတယ်။

အပြစ်အနာအဆာ လုံးဝကင်းစင်တဲ့ အဆင့်မြင့် တန်ဖိုးကြီး ၂၆ ကာရက် အလေးချိန်ရှိတဲ့ စိန်နက်တစ်လုံးကိုလည်း Home Button အဖြစ် တပ်ဆင်ပေးထားပါတယ်။ လင်းလက်တောက်ပနေတဲ့ စိန်တုံးကြီးကို အဝေးကနေတောင် လှမ်းမြင်နိုင်ပါတယ်။ ဒီစိန်နက်ကြီးကိုမှ စိန် ၅၃ လုံး ကွပ်ထားပေးပြန်ပါတယ်။

ဒီ iPhone 5 ကို အထက်ဖော်ပြပါ စိန်နက်ကြီး၏ မူရင်းပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ တောင်းဆိုမှုဖြင့် တန်ဖိုးကြီး အသုံးအဆောင်များ တီထွင်ဖန်တီးပေးသည့် Stuart Hughes ကုမ္ပဏီမှ ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

http://stuarthughes.com/newdawn/product_info.php?products_id=116
 
အပေါ်သို့!