==========================
အရှေ့တောင်အာရှ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် SingTel သည် အခြား စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်သည့် Al Noor နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာသုံး ဖုန်း၊ အင်တာနက်နှင့် ရုပ်သံထုတ်လွှင့်မှုစသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
Al Noor သည် မြန်မာနိုင်ငံတွင်းသို့ ဖုန်းများ အဓိက တင်သွင်းနေသည့် ကုမ္ပဏီဖြစ်ပြီး ယင်းတို့အနေဖြင့် SingTel အား အထက်ဖော်ပြပါ ဝန်ဆောင်မှုများအား တာဝန်ယူ ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်သည်ဟု စင်ကာပူနိုင်ငံ၏ ကုန်သွယ်ရေး တိုးမြှင့်ရေး အေဂျင်
စီဖြစ်သည့် International Enterprise Singapore က ထုတ်ပြန်ကြေညာခဲ့သည်။
SingTel နှင့် Al Noor တို့မှ တာဝန်ရှိသူများသည် ပြီးခဲ့သည် သတင်းပတ်က စင်ကာပူသမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လိုက်ပါလာခဲ့ကြပြီး သဘောတူစာချုပ်များ လက်မှတ်ရေးထိုး ခဲ့ကြသည်ဟု သိရှိရသည်။
SingTel အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၂ ခု ချထားပေးရန် အတွက်လည်း လျှောက်ထားထားသည့် ကုမ္ပဏီကြီးများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
MCG