သတင်း - နိုင်ဦး (MMM)
ဇွန်လ ၁ ရက်၊ ၂၀၁၃
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူမှ ၀ီရသူ၏ လိမ်လည်မှုအား ဖွင့်ချခဲ့မှုအပြီး ရက်အနည်းငယ် အတွင်းမှာပင် ရဲမှူးကြီး အောင်နိုင်သူအား ဇွန်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့သို့ စတင်အမှုထမ်းရန် ရွှေ့ပြောင်းမိန့် ချ ခဲ့ကြောင်း အဆိုပါ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများမှ သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။
မေလ နောက်ဆုံးအပတ်တွင် လားရှိုးမြို့တွင် အစ္စလာမ် ဘာသာရေး အဆောက်အအုံများနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်များ စီးပွားရေးလုပ်ငန်း
အဆောက်အအုံများအား အကြမ်းဖက် မီးရှို့ ဖျက်ဆီမှုများဖြစ်ပွားခဲ့အပြ
ထိုသို့သွားရောက်ရန် မန္တလေးတိုင်း ပဋိပက္ခတားဆီးရေးအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဂဠုန်နီဆရာတော်မှ ဦးဝီရသူအား လိုက်ပါရန် ပင့်ဆောင်ခဲ့ရာတွင် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူမှ တားဆီးခဲ့သဖြင့် လားရှိုးသို့ မလိုက်နိုင်ကြောင်း ဂဠုန်နီဆရာတော်အား ပြောကြားခဲ့သည်။
မန္တလေးသား တစ်ဦးလည်းဖြစ်သော ရဲမှူးကြီး အောင်နိုင်သူက မန္တလေးမြို့တွင် မိမိ တာဝန်ယူဆောင်ရွက်နေစဉ် အတွင်း မည်သည့် အကြမ်းဖက်မှုမျိုးမှ မဖြစ်စေရဟု ပြောကြားခဲ့ဘူးသလို တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သူတစ်ဦး အဖြစ် မန္တလေးမြို့ခံများ အကြား ထင်ရှားသူ တစ်ဦးဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မှု ဖြစ်ပွားစေရန် လှုံဆော်မှုများ မန္တလေးမြို့အနီးတစ်ဝိုက်တွင
မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ရဲမြင့်သည် ၉၆၉ အဖွဲ့၏ စိတ်ဓါတ်ရေးရာ ခေါင်းဆောင် အဖြစ် ကျော်ကြားသူ ဖြစ်သော ၀ီရသူ အား လွန်စွာမှ ကြည်ညိုလေးစားသူ တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူအား ဧရာဝတီတိုင်းသို့ ရွေ့ပြောင်းမိန့်ချ ခဲ့ခြင်းသည် ယခုရက်ပိုင်း အတွင်း ပြည်သူများအကြား ထွက်ပေါ်နေသော အကြမ်းဖက်မှုများအား ဧရာဝတီတိုင်းသို့ ကူးဆက်လာတော့မည် ဟူသော ကောလဟလ များကြောင့် ပြောင်းရွေ့ခဲ့ခြင်းဖြစ်နို
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူသည် လာမည် ဇွန်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်းသို့ သတင်းပို့ရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။