Searching...

တကျော့ပြန် ဟန်းဒရစ် လုပ်ကွက်လေးက ရိုးပါတယ်




နမားဇ်ဖတ်နေတဲ့အချိန် ဝင်လာတယ်၊ နမာဇ်ဖတ်တဲ့ပုံစံ လုပ်တယ်၊ လုပ်သာလုပ်တာ တလွဲ၊ လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ပြီး ပါးစပ်က လျှောက်ရွတ်တယ်၊ ထိုင်ချပြီး မြေကြီးနဲ့ခေါင်း စိုက်လုပ်တယ်။ မင်္သကာလို့ ခေါ်မေးတော့ အနောက်ထဲဝင်ပြေးတယ်။ မိသွားတော့ မေးတော့ ဂေါ်ရခါး မုစ်လင်မ်လို့ ပြောတယ်ဗျာ။

အဲဒါနဲ့ထိုင်ခိုင်ထားပြီး အိတ်ကို စစ်ကြည့်တော့ အိတ်ထဲမှာ ဘုန်းကြီးပုံတွေ တွေ့တော့ လူကြီးတွေ ရောက်လာပြီး ထပ်မေးတယ်။ ဘာသာမဲ့ပါဆိုပြီးဖြေတယ်။ အရက်စော်လည်း နံလို့။

၁၀ မိနစ်လောက်နေတော့ ရဲတစ်ယောက်နဲ့ လူတစ်ယောက် ယောက်လာတယ်။ အဲဒီလူကိုလည်း မြင်ရော ဒီကောင့်မျက်ခွက် ပြောင်းသွားတယ်။ ရဲနဲ့ပါလာတဲ့ လူကပြောတယ်။ ဒီကောင် မနေ့ညကလည်း ၁၉ လမ်းဘက်မှ ပတ်မွှေပြီးပြီတဲ့။ ပိုက်ဆံ ၁၀၀၀ ပေးလိုက်ရင် ပြန်ထွက်သွားတယ်တဲ့။ အဲဒါ အခုလည်း ပိုက်ဆံ ၁၀၀၀ ပေးမယ်ဆိုပြီး ဆိုင်ကယ်ပေါ်တင်ပြီး ခေါ်သွားတယ်။ ရဲစခန်းတော့ မဟုတ်ဘူး။ ပြန်ပို့မယ်ဆိုပြီး ဘယ်ခေါ်သွားလည်းမသိ။

နောက်ရက်ကစပြီး ဘာသာပေါင်းစုံက မိတ်ဆွေများ ဒီကောင့်ကို အဲလိုမသင်္ကာဖွယ် လုပ်တာတွေ့ရင် အရင်ဆုံးမလွှတ်လိုက်ပါ။ ပြီးမှ ရဲလက်အပ်ပါ။ အရူး အရူးနဲ့ လားရှိုးလည်း ပြာကျပြီးပြီ။

လုပ်ကွက်လေးကတော့ ရိုးပါတယ်။ နောက်တစ်ခါ အကွက်ပြောင်းကစားပေါ့ကွာနော့်။
 
အပေါ်သို့!