Searching...

မြန်မာနိုင်ငံအား အီးယူမှ အခွန်ကင်းလွတ်ခွင့် ပြန်ပေးရန် တရားဝင်ဆုံးဖြတ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬



အီးယူသည် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှတစ်ဆင့် ပြုပြင်ပြောင်းလဲမှုများကို အထောက် အကူပြုစေရန် ရည်ရွယ်၍ ကုန်သွယ်မှုအထူးအခွင့်အရေး ပေးအပ်ရန် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက် ကြောင်း သိရှိရသည်။

ယခင်က တပ်မတော်အစိုးရလက်ထက်တွင် အဓမ္မခိုင်းစေမှုများကြောင့် ၁၉၉၇ ခုနှစ်မှစ၍ အဆိုပါ အခွင့်အရေးအား ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ယခုအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအရ

ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အီးယူဥက္ကဌ တာဝန်ရယူထားသော အိုင်ယာလန်နိုင်ငံ ဝန်ကြီး Richard Bruton နှင့် ဥရောပပါလီမန်ဥက္ကဌတို့ ယမန်နေ့က ပူးတွဲလက်မှတ်ရေးထိုးခဲ့သော အဆိုပါ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအား ပိတ်ပင်ထားသော အခွင့်အရေးများ ပြန်လည်ပေးအပ်ရန် တရားဝင် ဖော်ပြပါရှိသည်။

မကြာသေးတဲ့ နှစ်များအတွင်း မြန်မာနိုင်ငံရဲ့ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုတွေအရ မြန်မာ နိုင်ငံကို စီးပွားရေးတိုးတက်မှုတွေ၊ ဖွံ့ဖြိုးရေး အခွင့်အလမ်းတွေ ပေးအပ်ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုတွေအပေါ် အီးယူအနေနဲ့ ထောက်ခံသွား ဖို့ အရေးကြီးကြောင်းလည်း အိုင်ယာလန် Jobs and Enterprise Minister Richard Bruton က ထုတ်ဖော် ပြောကြားခဲ့သည်။

အီးယူ၏ ၄င်းကုန်သွယ်မှုအထူးအခွင့်အရေးကို ဖွံ့ဖြိုးဆဲနိုင်ငံ(၂၇)နိုင်ငံကို အခွန်လျှော့ပေါ့ခွင့်၊ ကိုတာသတ်မှတ် တင်ပို့ခွင့်များ ပေးအပ်ထားခြင်း ဖြစ်သည်။

ဗြိတိန်အစိုးရ International Development ဝန်ကြီးဖြစ်သူ Justine Greening ကလည်း အဆိုပါ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲ့ စံနှုန်းတွေ တိုးတက်လာပြီဆိုတာကို အသိအမှတ်ပြုရန် မိမိတို့အနေဖြင့် အီးယူကို တောင်းဆိုခဲ့ကြောင်း၊ ယခုလို ဆုံးဖြတ်လိုက်ခြင်းမှာ သတင်းကောင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးတိုးတက်ဖို့၊ နှစ်များစွာ ဆင်းရဲနွမ်းပါးမှု နွံအတွင်းက ရုန်းထွက်နိုင်ဖို့ ကုန်သွယ်မှုနဲ့ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ဖို့ လွန်စွာမှပင် အရေးပါကြောင်း ၄င်းက ပြောကြားခဲ့သည်။

အီးယူသည် နိုင်ငံတော်သမ္မတကြီး ဥရောပ(၅)နိုင်ငံသွားရောက်ခဲ့သည့် ခရီးစဉ်အပြီး ပြီးခဲ့သည့် ဧပြီလကလည်း လက်နက်ရောင်းဝယ်မှုမှလွဲ၍ ကျန်ပိတ်ဆို့အရေးယူမှုများအားလုံး ဖယ်ရှားပေး ရန် သဘောတူညီခဲ့သည်။

Hmuu Zaw


[Source]
http://www.eubusiness.com/news-eu/myanmar-trade.p3v/
 
အပေါ်သို့!