ဘယ်နိုင်ငံမှာပဲရောက်ရောက် မြန်မာနိုင်ငံသား တွေကို ကာကွယ်စောင့်ရှောက် ပေးရမယ့် အဓိက တာဝန်ဟာ သံရုံးရဲ့တာဝန်ပဲ ဆိုပြီးတော့မှ ပြောကြားထားတာ ရှိပါတယ်။ မြန်မာသံရုံးတွေရဲ့ တာဝန်ကလည်း အဲဒါ အဓိက ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားများကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေးဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှု လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်ပါ တယ်။ [ဦးဇင်ယော်၊ ဒုတိယဝန်ကြီး]
--------------------------
တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ၊ ကိုယ့် နိုင်ငံသား
အားလုံးကို ကူညီပါမယ်။
[ဒေါ်ဝင်းမော်ထွန်း၊ ဒုတိယဝန်ကြီး]
--------------------------
ရန်ကုန် ဇွန် ၁၁
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ၏ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စုံစမ်းရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊အလုပ်အကိုင်နှင့်
ယင်းသို့ မထွက်ခွာမီ ဒုတိယဝန်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆ
မေး ။ ။ မလေးရှားနိုင်ငံကို သွားရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ ။ ။ မလေးရှားနိုင်ငံကိုသွားရတဲ့
ယခင်တုန်းကလည်း ရရှိတဲ့ သတင်းတွေအပေါ် ဖြစ်ခဲ့တာတော့ အရင်လ ၂၉ ရက်နေ့ ကတည်းက စတာပေါ့၊ ပြီးတော့မှ အကြမ်းဖက်တိုက်ခိုက်မှုခံရတာ
မေး။ ။ အခု အဲဒီမှာ သေဆုံးသွားတဲ့ မြန်မာလူမျိုးတွေရဲ့ ရုပ်အလောင်းတွေကို ဒီဘက်အစိုးရအနေနဲ့ ဘယ်လိုစီမံထားမလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ သူတို့ မလေးရှားနိုင်ငံရဲ့ ဥပဒေအရ သေမှုသေခင်းဖြစ်တယ်ဆိုပါစို့
မေး။ ။ ဘယ်မှာ သင်္ဂြိုဟ်ဖြစ်လဲ။
ဖြေ။ ။ မလေးရှားနိုင်ငံမှာပါ။
မေး။ ။ သင်္ဂြိုဟ်တယ်ဆိုတော့ ကုမ္ပဏီ အစီအမံနဲ့လား၊ သံရုံး အစီအစဉ်နဲ့လား။
ဖြေ။ ။ သံရုံးအစီအစဉ်နဲ့ မဟုတ်ပါဘူး။ သူတို့ရဲ့ ရဲအစီအစဉ်ဖြစ်မယ်။ နာရေးကူညီမှု အစီအစဉ်ဖြစ်မယ်။ သံရုံးက လိုတဲ့ကိစ္စ ကိုပဲ ကူညီနိုင်ပါတယ်။
မေး။ ။ တကယ်လို့ မြန်မာပြည်ကိုပြန်လာမယ့် အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ဆက်ပြီး ကူညီပေးသွားမလဲ။
ဖြေ။ ။ မြန်မာနိုင်ငံကို ပြန်လာရမယ့် အခြေအနေ ရောက်နေတဲ့လူတွေ ရှိနေပြီဆိုတာ သိရပါတယ်။ အဲဒီတော့ မြန်မာ နိုင်ငံကိုပြန်လာဖို့ ဘယ်လိုအစီအစဉ် ရှိမလဲ၊ ဘယ်လို ဆောင်ရွက်မလဲ၊ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် မလေးရှား နိုင်ငံမှာ အလုပ်သမား တရားဝင် ဟုတ်မဟုတ် စိစစ်တာတွေက များပြားတဲ့အတွက် ပထမဦးဆုံး လူတစ်ထောင် ဖမ်းတယ်ဆိုပြီးတော့ သတင်းရတာပေါ့၊ ဒါပေမယ့် အကုန်လုံးကို စိစစ်ပြီးတော့ ပြန်လွှတ်လိုက်တဲ့ အခါမှာ ၁၉၆ ဦးပဲ ကျန်နေတာတို့၊ နောက်တစ်ခါ စိစစ်တဲ့ အထဲမှာ UNHCR ရဲ့ ကတ်ပေါ့။ သူရဲ့ တရားဝင်ကတ် ကိုင်ဆောင်တယ်ဆိုပေမယ့် အတုတွေ ကိုင်ဆောင်သူတွေ ရှိနေတာပေါ့၊ ရှိနေတော့ အဲဒီလူတွေအတွက် ထပ်ပြီးတော့ စိစစ်နေတယ်။ စိစစ်ပြီးတော့ ပုံမှန်အားဖြင့် သူတို့ ဆက်လက် ထိန်းသိမ်းထားတယ်။ တရားမဝင် ဝင်ရောက်တဲ့သူတွေ ဖြစ်တွေအတွက် ပြန်ပို့ဖို့ဆို ပြီးတော့ စီစဉ်ပါတယ်။ ဟိုတုန်းကလည်း အဲဒီလိုအစီအစဉ်မျိုးတွေရှိခ
မေး။ ။ နောက်အလားတူ ဒီလိုမျိုး ပြဿနာတွေ ထပ်ဖြစ်လာမယ်ဆိုရင် နောက်ထပ် ဒီလိုမျိုး အလုပ်သမားတွေကို ဘယ်လိုဆက်ပြီး ကာကွယ်ပေးသွားမလဲ သိပါရစေ။
ဖြေ။ ။ ဒီလိုပြဿနာတွေကို စဖြစ်ပြီဆိုကတည်းက ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကွာလာလမ်ပူမှာရှိတဲ့ သံအမတ်ကြီးကို သွားပြီး တွေ့ဆုံပြီးတော့မှ အကာအကွယ်ပေးဖို့ တရားဝင် ပြော ဆိုပါတယ်။ ကျွန်တော် တို့လည်း ဒီကနေပြီးတော့မှ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး ခေါ်ပြီးတော့ မြန်မာ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဒီလိုတိုက်ခိုက်မှုမျိုးတွေ ထပ်မံမဖြစ်ပွား ဖို့ရာ စောင့်ရှောက်ဖို့ နောက်တစ်ခါ ကျူးလွန် တဲ့သူတွေကိုလည်း ဖော်ထုတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ဆိုတဲ့ အချက်အလက်လေးတွေ တောင်းဆိုပြီးသား ဖြစ်ပါတယ်။ အဲတော့ ဒီလိုတောင်းဆိုတာဟာ သံတမန်အနေနဲ့ နှစ်နိုင်ငံချင်းအနေဲ့ အဆင့်မြင့် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက်လည်း မလေးရှားနိုင်ငံအနေနဲ့ ကာကွယ်ပေးဖို့ ဆိုပြီးတော့မှ ရဲကင်းတွေတိုးပြီးတော့ လှည့်တာ၊ တိုးမြှင့် ပြီးတော့ စောင့်ရှောက်တာ၊ သံရုံးကို ကာကွယ်စောင့်ရှောက်ပေးတာမျိ
မေး။ ။ အခုသွားမယ့် ဒီခရီးကို ဘယ်လိုမျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အကောင်းဆုံး ဖြစ်အောင်ပေါ့၊ နိုင်ငံတော်သမ္မတကြီးက ဘယ်နိုင်ငံမှာပဲရောက်ရောက် မြန်မာနိုင်ငံသား တွေကို ကာကွယ်စောင့်ရှောက် ပေးရမယ့် အဓိက တာဝန်ဟာ သံရုံးရဲ့တာဝန်ပဲ ဆိုပြီးတော့မှ ပြောကြားထားတာ ရှိပါတယ်။ မြန်မာသံရုံးတွေရဲ့ တာဝန်ကလည်း အဲဒါ အဓိက ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားများကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေးဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှု လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်ပါ တယ်။ ခုဟာ နိုင်ငံရပ်ခြားဖြစ်တဲ့ အတွက် နှစ်နိုင်ငံ သဘောတူညီချက်အရသာ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တခြားနိုင်ငံမှာ ကိုယ်က ဧည့်သည် ဖြစ်တဲ့ အတွက် အိမ်ရှင်နိုင်ငံရဲ့ ဥပဒေဘောင် အတွင်းကသာ ပေးနိုင်မှုတွေ၊ အကူအညီပေး နိုင်မှုတွေ၊ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အပိုင်းက သွားပြီးတော့မှ ပြောတယ်၊ ဆိုတယ်၊ တောင်းဆိုတယ်၊ ကိုယ်တိုင် ဒီအဆင့်ပဲ ရှိတယ်။ ကိုယ်တိုင် သွားစောင့်ရှောက်ဖို့အတွက် ဒီလူတွေကို တစ်နေရာမှာ ထိန်းသိမ်း ထားဖို့ ကျွေးမွေးထားဖို့ ဒီကိစ္စတွေ မြန်မာနိုင်ငံက အလှူရှင်များ အနေဖြင့် ဒုက္ခ ရောက်နေတဲ့သူတွေ၊ ဆေးရုံတက်နေတဲ့သူတွေ ကူညီဖို့ စနေပါပြီ။ ပြန်ခေါ်မယ် ဆိုလို့ ရှိရင်လည်း လေယာဉ်ပျံစရိတ်ကို လျှော့ပေါ့ပြီးတော့မှ ကူညီမယ်ဆိုတဲ့ အဖွဲ့တွေလည်း ပေါ်ပေါက်နေပါပြီ။ မလေးရှား နိုင်ငံမှာ ရောက်ရှိနေလို့ ရှိရင်တော့ ဒါတွေကို ဘယ်လို စီစဉ်ဆောင်ရွက် သွားမလဲဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တိုင်ပင် ပြီးတော့မှ စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ အခြေအနေ ရှိပါတယ်။
မေး။ ။ ဆိုရှယ်နက်ဝပ်တွေမှာ မလေးရှား နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ လုပ်ဆောင်ချက် တွေကို အားမလို အားမရ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဘယ်လို ထင်မြင်သုံးသပ် ပါသလဲ။
ဖြေ။ ။ သံရုံးရဲ့ လုပ်ဆောင်ချက်တွေမှာ သံရုံးအနေနဲ့ကတော့ တရားဝင် အဖွဲ့အစည်းလည်း ဖြစ်ပြီးတော့ တရားဝင် နိုင်ငံတော်ကို သတင်းပို့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပို့တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ပြီးတော့မှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးကို တင်ပြပါတယ်။ အဲဒီလို တင်ပြတဲ့အခါမှာ သတင်းအချက်အလက်က ခိုင်မာတိကျဖို့လိုပါတယ်။ ခိုင်မာတိကျ ဖို့လိုတဲ့ အတွက် ဘာကိုစောင့်ရလဲဆိုလို့ရှိရင
မေး။ ။ မြန်မာပြည်တွင်းမှာ စိုးရိမ်ပူပန်နေတဲ့ မိဘတွေကို နှစ်သိမ့်အားပေးတဲ့ စကားလေး ပြောပေးပါဦး ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီမိဘကလည်း မိဘတာဝန်၊ နိုင်ငံတော်အစိုးရ အနေနဲ့ တိုင်းသူပြည်သားဆိုတာ သားသမီးလိုပါပဲ။ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် တန်းတူရည်တူပေါ့၊ တာဝန်ရှိပါတယ်။ ဆောင်ရွက်ပေးရမှာ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်။ သန္နိဋ္ဌာန်ချ ထားပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိပြီးနောက် သူရဲ့ ဥပဒေတွေရှိတယ်။ ဒီဟာတွေနဲ့အညီ လိုက်လျောညီထွေအောင် လုပ်တဲ့အခါမှာ မျှော်လင့်ထားတာတွေ အတိုင်း ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဒါပေမယ့်လည်း တရားဥပဒေဘောင် အတွင်းက နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်စေဘဲနဲ့ ဆောင်ရွက်ပေးနိုင်မယ်။ တရားမဝင် နေထိုင်တဲ့ သူတွေကို ပြန်လည် ပြီးတော့ ခေါ်ဆောင်ပေးနိုင်မယ်။ ဆက်ပြီးတော့ အလုပ်လုပ်မယ့် သူတွေရှိ ပါတယ်။ ဆက်ပြီး အလုပ်လုပ်မယ့်သူတွေ တရားဝင် အလုပ်လုပ်မယ့် သူတွေကိုလည်း ဂရုတစိုက် ဆောင်ရွက်ပေးဖို့ပေါ့၊ ကျွန်တော်တို့ ဒါတွေတိုက်တွန်းတယ်။ နောက် သူတို့ကို အလုပ်ခန့်ထားတဲ့ သူတွေရှိပါတယ်။ အခု မလေးရှားနိုင်ငံမှာ ကျယ်ကျယ် ပြန့်ပြန့် ပြောနေပါ တယ်။ ပြောနေ တာကတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရဲ့လုပ်အားဟာ ခုနက ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းကြီးတွေမှာ မရှိမဖြစ် အရေးပါနေ တယ်ဆိုတာ လုပ်ငန်းရှင်တွေက သိရှိပြီးဖြစ်ပါတယ်။ အလုပ်ရှင် ကိုယ်တိုင်က တစ်တပ်တစ်အား ပါဝင်ပြီးတော့မှ ကာကွယ်နိုင် မယ်၊ စောင့်ရှောက်နိုင်မယ် ဆိုရင် လက်ရှိလုပ်နေတဲ့သူတွေ ကျန်ခဲ့မယ့် သူတွေအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။
မေး။ ။ သေဆုံးတဲ့ သူတွေကို မလေးရှားနိုင်ငံမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ ဒီမှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပေးနိုင်ဖို့ ဘယ်လိုအစီအစဉ် ရှိပါသလဲ။
ဖြေ။ ။ မလေးရှားနိုင်ငံမှာ သေဆုံးတယ် ဆိုလို့ရှိရင် ခုနက ရဲအမှုပိုင်တဲ့ အမှုရှိပါတယ်။ နောက်တစ်ခါ အက်ဆီးဒင့် နဲ့ သေဆုံးတာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ရင်း သေဆုံးတယ် ဆိုတဲ့အခါ မလေးရှား ဥပဒေအရ သူတို့ ချက်ချင်း သင်္ဂြိုဟ်လို့မရပါဘူး။ မရတဲ့ အကြောင်းရင်းကတော့ အထူးသဖြင့် အလုပ်သမားပေါ့၊ အလုပ်သမားကို ဒီဘက်က မြန်မာပြည်မှာ ရှိနေတဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်းရဲ့ ခွင့်ပြုချက် မရဘဲနဲ့ သင်္ဂြိုဟ်တယ် ဆိုလို့ရှိရင် တရားစွဲတာတို့ လုပ်နိုင်ပါတယ်။ အဲလို အလုပ်သမားတွေ ဆုံးပြီဆိုလို့ရှိရင် တစ်နည်းနည်းနဲ့ပဲ ပတ်ဝန်းကျင်က သတင်းပို့တယ်။ သူတို့ကပဲ ဆက်သွယ်တဲ့အတွက် ဒီနိုင်ငံမှာ ရှိနေတဲ့ မိသားစုက သိသွားတာပါပဲ။ သိသွားတော့ခုန အလုပ်ရှင်နဲ့ ပတ်သက် ပြီး လျော်ကြေးကိစ္စတို့ ကျန်တဲ့ကိစ္စတို့ ဆောင်ရွက်နိုင်ဖို့အတွက် ပြောဆိုညှိနှိုင်းတဲ့ ဟာတွေရှိပါတယ်။ ပြီးတော့ ဒီဟာ အတွက် ဆောင်ရွက်ပြီးတဲ့ အခါမှာ၊ ဒါမှမဟုတ်လဲ ဆောင်ရွက်နေဆဲအခါ မိဘတွေက ဆွေမျိုး အသိုင်းအဝိုင်းတွေက သင်္ဂြိုဟ် စေချင်တယ်ဆိုရင် နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ ဒီလူကတော့ ဒီမှာ ဆုံးပါးနေပါပြီ။ တစ်ခါတလေ နိုင်ငံခြားရေးဝန်ကြီးဌာန မသိပါဘူး။ ဆုံး-မဆုံးဆိုတာ ဒီက မိသားစု မသိတော့ ဒီလူတော့ ဘယ်နေ့ဘယ်ရက်က ဆုံးသွားတယ်၊ သူ့ကို သင်္ဂြိုဟ်ဖို့ အတွက် မြှုပ်ပေးပါ ဆိုလို့ရှိရင် ဒီမြန်မာသံရုံးကို လှမ်းအကြောင်းကြား ပြီးတော့မှ ဒါသင်္ဂြိုဟ်ခွင့် တောင်းလာတဲ့အခါမှာ သင်္ဂြိုဟ်ခွင့် ပြုလိုက်ပါတယ်။
မေး။ ။ မိသားစုတွေထံ အကြောင်းကြား ပေးနိုင်ခြင်း၊ စီစဉ်ပေးနိုင်ခြင်း ရှိ-မရှိ သိပါရစေ။
ဖြေ။ ။ ဘယ်သူ ဘယ်ဝါဆိုတာကို နဂိုကတည်းက သိတယ်ပေါ့၊ ဒီဟာ ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အကြောင်းကြားပေးနိုင်ပါတယ်။
မေး။ ။ မလေးရှားမှာ တိုက်ခိုက်တဲ့ တရားခံတွေကို ဖမ်းဆီးမိခြင်း ရှိ-မရှိ သိပါရစေ။
ဖြေ။ ။ လောလောဆယ် အရတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာ ကနေပြီးတော့မှ ရိုက်ထားတာတွေ ရှိပါတယ်။ ဒီဟာတွေကို စုံစမ်း ဖော်ထုတ် ပြီးတော့မှ အရေးယူပေး ပါမယ်ဆိုပြီး သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာ လာပြီးတော့ ပြောလည်းပြောပါတယ်။ သတင်းလည်း ပို့သွား ပါတယ်။ အခုလောလောဆယ် ဖမ်းဆီးရမိခြင်း မရှိသေးဘူး။
ဒေါ်ဝင်းမော်ထွန်း
(ဒုတိယဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)
မေး။ ။ တရားမဝင် ရောက်ရှိနေတဲ့ သူတွေအတွက် စာရင်းကောက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လိုပါက ဆောင်ရွက်ပေး နိုင်မယ့် အစီအစဉ်ရှိ-မရှိ သိပါရစေ။
ဖြေ။ ။ ရှိပါတယ်။ သံရုံးနဲ့ညှိမယ်။ တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ၊ ကိုယ့် နိုင်ငံသား အားလုံးကို ကူညီပါမယ်။ တရားဝင် အထောက်အထား ရှိတဲ့သူတွေရော၊ မရှိတဲ့သူတွေရော ပြန်ချင်ရင် ပြန်နိုင်အောင် အကူအညီပေးမယ်။ ပြန်ဖို့ အတွက်ကိုလည်း လုပ်ပေးမယ်။ စာရင်းကတော့ ကောက်မယ်။ မကောက်လို့လည်း မဖြစ်ဘူး။ တကယ်တမ်း ရောက်နေ တယ်ဆိုတဲ့ တရားဝင် စာရင်းထက် တရားမဝင် ရောက်နေတာတွေက အရမ်းများတယ်။ အဲဒါတွေကလေ မှန်တာပြော ရင် ရေရှည်မှာ လူမှုရေး ပြဿနာမသေးရင် ကြိုတင်ကာကွယ်တာက ပိုကောင်းတယ်။ သူ ပြန်ချင်တဲ့ ဆန္ဒရှိရင် ပြန်ဖို့လုပ်ပေး မယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြချက် ဖြစ်ပါသည်]
[Read More : http://