မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမ
ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ရထားပြီး သူတွေကို ကုလသမဂ္ဂရဲ့ပြန်လည် နေရာချထားရေးအစီအစဉ်အရ တတိယနိုင်ငံကို မသွားရသေးခင်ကာလမှာ မလေးရှားနိုင်ငံက လက်ခံထားခဲ့ပြီးဖြစ်သလို၊ သူတို့ ကိစ္စကို
အမြန်ဆုံး စီစဉ်ပေးဖို့ ကိုလဲဆောင်ရွက်ပေး စေချင်တယ်လို့  မလေးရှားနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ဂျာဖားကပြောပါတယ်။
မြန်မာနိုင်ငံသား တချို့အသတ်ခံရတဲ့ကိစ္စတွေ ဒီလ အတွင်းဖြစ်ပေါ်ခဲ့တဲ့နောက် မလေးရှားဘက်က အခုလို အပူတပြင်း ထုတ်ပြောလာတာဖြစ်ပါတယ်။
အခု ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ပြဿနာကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ကိုလဲ
မလေးရှား ရဲတပ်ဖွဲ့တွေက မြန်မာတွေ သွားလာ နေထိုင် လုပ်ကိုင်ရာ ဒေသတွေမှာ နောက်ထပ်ပြဿနာတွေ မပေါ်ပေါက်အောင် စောင့်ကြည့် သွားမယ်လို လဲ သူကပြောပါ တယ်။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့မတူညီတဲ့ ဘာသာဝင်တွေကြား ပဋိပက္ခကိုမူတည်ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံက လူတွေကြားမှာ ပြသနာမဖန်တီးဖို့ ကိုလဲ ကွာလာလမ်ပူမြို့  ဒုတိယရဲချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေးထားပါတယ်။