Searching...

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ



3 Monday, June, 2013

ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စုံများ ၀တ်ဆင်၍ "ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်း
မှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ်ရပ်စဲရေး အမြန်လက်
မှတ် ရေးထိုးပါ၊ ဖမ်းဆီးခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သား
အဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်
ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ . . . . .

"၁၉၉၄ ခုနှစ် ဟိုဘက်တုန်းက စစ်သားတွေက ပေါ်တာဆွဲတယ်။ KIAက အတင်းအဓမ္မ စစ်သားလုပ်ခိုင်းတယ်။ အခွန်ကောက်တယ်။ ၂၀၁၁ ခုနှစ် ဒီဘက်ပိုင်းကျတော့ စစ်သားတွေကဒါမျိုးလုပ်တာ မတွေ့ရဘူး။ ကေအိုင်အေ
ကတော့ အခု အချိန်မှာလည်း အခွန်ကောက်တုန်း စစ်သားစုဆောင်းတုန်း ရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ကျွန်တော်
တို့ကို နှိပ်စက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ဘူး" ဟု ခတ်ချိုရွာမှ အသက် ၆၀ ကျော်အရွယ် ဦးစိုင်းတင်လှိုင်က ဆိုသည်။

၎င်းဆန္ဒပြမှုကို တွေ့မြင်သွားသော ဗိုလ်ချုပ်ဂွမ်မော်အား ဆက်သွယ်မေးမြန်း
ခဲ့ရာ "အားလုံးညှိနှိုင်းပြီး လုပ်သွားမှာပါ။ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်း
သားတွေနဲ့ ပတ်သက်ပြီး အစီအစဉ် ရှိပါတယ်။ (အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး) ဒါကို တောင်းဆိုနေတာ ကြာပါပြီ။ အစိုးရနှင့် ကေအိုင်အို ဆက်ညှိသွားမှာပါ။ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသားတွေဟာ အရင်ကတည်းက အတူနေခဲ့ကြတာပါ။ ကျွန်တော်တို့ဆီမှာ ရှမ်းတိုင်းရင်း
သားနဲ့ ကချင်တိုင်းရင်းသား အတူတကွ နေထိုင်ရေးမူ ပေါ်လစီ ရှိပါတယ်။ (နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့) ကချင်နဲ့ ရှမ်းတိုင်းရင်းသား ချစ်ကြည်ရေး အမြဲတမ်း တည်တံ့ခိုင်မြဲမှာပါ" ဟု အပြန်ခရီးစဉ်အတွင်း
ပြောကြားခဲ့သည်။

ကချင်ပြည်နယ် အတွင်းနေ ရှမ်းတိုင်းရင်းသားများက ငြိမ်းချမ်းရေး ဆွေးနွေး
ပွဲအတွင်း ၎င်းတို့၏ ဆန္ဒများကို ဆွေးနွေးခွင့် မရခဲ့သည့်အတွက် ကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

eleven media group
 
အပေါ်သို့!