Searching...

အကြမ်းဖက်မှု ထပ်မဖြစ်ရေး မလေးရှားအစိုးရ မြန်မာတွေကို သတိပေး


Thursday, June 13, 2013

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။

မလေးရှား ပြည်ထဲရေး ဒု ၀န်ကြီးက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂၅၀ လောက်နဲ့ တွေ့တုံးက အဲဒီလို ပြောလိုက်တာဖြစ်တယ်လို့ အေပီ

သတင်းဌာန သတင်းတပုဒ်မှာ ဆိုပါတယ်။

အဲဒီအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေမှာ တရားဝင် အထောက်အထား စာရွက်စာတမ်း တစုံတရာည မရှိသူတွေလည်း ပါတယ်လို့ သိရပြီး ဘယ်လို အရေးယူသွားမယ်ဆိုတာတော့ မရှင်းလင်းသေးပါဘူး။။

ဒီအပြင် မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးဇင်ယော်ကတော့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ မလေးရှား နိုင်ငံရဲ့ ဥပဒေကို လေးစား လိုက်နာဖို့ လိုအပ်တယ်လို့ ပြောတယ်လို့လည်း သိရပါတယ်။

သူဟာ မကြာသေးခင်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို
ညှိနှိုင်းဖြေရှင်းပေးဖို့ မလေးရှားနိုင်ငံကို ဇွန်လ ၁၁ ရက်နေ့က ရောက်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က စပြီး မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားတွေအကြား စိုးရိမ်မှုတွေ ဖြစ်လာတာပါ။

မလေးရှား အစိုးရကတော့ အဆိုပါ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စတွေအတွက် လူ ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖော်ထုတ်အရေးယူပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

အခုဆိုရင် မလေးရောက်မြန်မာတွေအတွက် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် စာနာမှု အကူအညီတွေကို မြန်မာ လုပ်ငန်းရှင်ကြီးတွေ အပါအ၀င် စေတနာရှင်တွေက အလှူငွေတွေပေးအပ်နေ ပါတယ်။

ဧရာဝတီ
 
အပေါ်သို့!