Unknown 11:09 PM 0 ဝေဖန်မှု့အရေအတွက် မန္တလေးတွင် ကားဝယ်ရောင်း အချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှု ဖြစ်ပွား Home » Unlabelled » မန္တလေးတွင် ကားဝယ်ရောင်း အချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှု ဖြစ်ပွား Tuesday, June 18, 2013 မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ကားဝယ်ရောင်း လုပ်ကိုင်သူ အချင်းချင်း ကား ဝယ်ယူရန်အတွက် ယုံကြည်စွာ ကြိုတင်ပေးထားသော ငွေကျပ် သိန်း ၈၄၀ ခန့် လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကားဝယ်ရောင်း လုပ်ကိုင်နေသူ ဦးကျော်မင်းထွေးသည် ကားရောင်း ဝယ်ရင်း ခင်မင် ရင်းနှီးခဲ့သူ ကား ဝယ်ရောင်း ဦးဇင်မင်းဦးထံသို့ သွားရောက်ကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က Toyota Crown အဖြူရောင် (၂၀၁၀ ပြည့်နှစ်ထုတ်) ကား နှစ်စီးမှာယူ ဝယ်ပေးရန် ပြောကြားပြီး ဂျပန်ကား လေလံကြေး၊ သင်္ဘောတင်ခ၊ ဆိပ်ကမ်း ထုတ်ယူခတို့ကို ခန့်မှန်း တွက်ချက်၍ ငွေကျပ်သိန်း ၈၄၀ ပေးအပ်ခဲ့ပြီးနောက် ၎င်းဇင်မင်းဦး ချိန်းဆိုသည့်အခါ သွားရောက်ရာတွင် မှာယူထားသည့် ကားနှင့် ယုံကြည်စွာ အပ်နှံပေးခဲ့သည် ငွေလည်း ပြန်မရ၍ မဟာအောင်မြေ ရဲစခန်းသို့ ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ယင်းတိုင်ကြားချက်ကို မြို့မရဲစခန်း (မဟာအောင်မြေ) က (ပ) ၃၈၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၆ အရ အမှုဖွင့်ပြီး အမှုမှန် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ The Voice Weekly Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati