Searching...

မလေးရှားမှာ ဒုက္ခရောက်နေတဲ့လူတွေကို ဦးဇော်ဇော်က လေယာဉ်လက်မှတ် (၁၀၀၀) စာ လှူတယ်.

.

ဦးဇော်ဇော်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုတဲ့သူက ပြုတယ်.. မပြုတဲ့သူက မပြုဘူး..

တစ်ချို့ကကျတော့လဲ.. ဒီလူကြီးတွေ ဒီလောက်မျိုဆို့ထားတာတောင်မှ ဒီလောက်လေးပဲ လှူရသလားလို့ ဝေဖန်တယ်..

တကယ်တော့ ခရိုနီနီ၊ ခရိုဝါဝါ.. ဘယ်သူဖြစ်ဖြစ်ပါ.. ကောင်းမှုဆိုတာ မလုပ်ကောင်းတဲ့အရာမှ မဟုတ်တာ..

နာမည်ကောင်းရချင်လို့ လှူတယ်ပဲ ပြောပြော.. သူ့အိတ်ထဲက ပိုက်ဆံ.. သူ ကာယကံမြောက် လှူမပေးရင် ကိုယ်တွေ ဘာတတ်နိုင်မှာ မှတ်လို့..

ဒီလိုလှူတာအတွက် ဝမ်းသာမပေးသင့်ဘူးလား.. အသိအမှတ်ပြုမပေးသင့်ဘူးလား..

ဒီလူတွေ မကောင်းခဲ့ဘူး၊ မှားခဲ့ကြတယ်ဆိုရင်တောင် သူတို့မှာ

အမှားပြင်ခွင့် မရှိဘူးလား..

မကောင်းရင် မကောင်းဘူးလို့ ပြောချင်ကြပေမယ့် ကောင်းလာရင်ကျတော့လည်း ချီးကျူးလက်ခံမပေးကြချင်တာ ဘယ်လိုစိတ်ဓာတ်တွေပါလိမ့်..

ကိုယ်တိုင်က တစ်ကျပ်တစ်ပြားမှ မလှူနိုင်၊ မကူနိုင်ဘဲ လှူတဲ့သူကို ဘေးထိုင်ဘုပြောနေတဲ့သူတွေကို မြင်ရတာ စိတ်မသက်မသာ ရှိလိုက်တာ..

တကယ့်ကို ရလေ လိုလေ အိုတစ္ဆေ.. ရလျက် လိုလျက် အိုသဘက်.. ရမြဲ လိုမြဲ အိုသရဲတွေပဲ...


မယ် ပိုး
 
အပေါ်သို့!