Unknown 6:13 PM 0 ဝေဖန်မှု့အရေအတွက် ဆယ်တန်းအောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်အား မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်ပြန် Home » Unlabelled » ဆယ်တန်းအောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်အား မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်ပြန် ဇွန်လ (၈)ရက်၊ စနေနေ့နံနက် (၆း၀၀)တွင် အောက်ပါမြို့နယ်များတွင် တစ်နိုင်ငံလုံးမှ အောင်စာရင်းများ အားကပ်ထားမည်။ ဆယ်တန်းအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားကြေငြာမှာ ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ သင်္ကန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများတွင် ရန်ကုန်တိုင်းမှအပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်စာရင်းများကို ကပ်ထားမှာဖြစ်ပါသည်။ နေပြည်တော်မြန်မာ့အသံမှ ကြေငြာပေးမည့် ဆယ်တန်းအောင်စာရင်း ဇွန်လ (၈)ရက်၊ စနေနေ့နံနက် (၆း၀၀)တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အောက်ပါမြို့များအား နေပြည်တော် မြန်မာ့အသံမှ နံနက် ၈း၀၀ တွင် လေလှိုင်းမှ ထုတ်ပြန်မည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင်သူများကို နေပြည်တ်ာမြန်မာ့အသံမှ အသံလွှင့် ကြေငြာပေးမှာ ဖြစ်ပါသည်။ ကချင်ပြည်နယ်ရှိ တနိုင်း၊ ရှင်ဖွေရန်၊ မချမ်းဘော၊ ပူတာအို၊ နောင်မော၊ ဖားကန့်၊ ကာမိုင်း၊ စွန်ပရာဘွန်၊ ချီဖွေ၊ ဆင်ဘို စာစစ်ဌာနများမှ အောင်စာရင်းများ။ ကရင်ပြည်နယ်ရှိ ဖာပွန်၊ ကမမောင်း၊ ကြာအင်းဆိပ်ကြီး၊ တခွန်တိုင်။ ချင်းပြည်နယ်ရှိ ကန်ပက်လက်၊ မတူပီ၊ ရေစွာ၊ လိုင်လင်းပီ၊ မင်းတပ်၊ ပလက်ဝ။ ရခိုင်ပြည်နယ်ရှိ ဂွ၊ ကျိန္တလီ၊ ဆပ်သွား၊ မန်အောင်၊ ဇရပ်ကုန်းခင်။ ရှမ်းပြည်နယ်ရှိ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျင်း၊ မိုင်းယောင်း၊ ဟိုပန်၊ လောက်ကိုင်၊ ကွမ်းလုံ၊ မိုးမိတ်၊ နမ့်ဆမ်(မြောက်)၊ မန်တုံ၊ မဘိမ်း၊ ငါးအိုး၊ မိုင်းကိုင်၊ တုန်းဟုန်း၊ မောက်မယ်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ ကွမ်းဟိန်း၊ မိုင်းရှူး၊ ၀မ်းကန်။ တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ ပုလော၊ ပလောက်၊ ပလ၊ ဘုတ်၊ ဘုတ်ပြင်း။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်၊ ရေပြာ၊ ထီးလင်း၊ ဆော၊ လောင်းရှည်၊ ကျောက်ထု၊ စေတုတ္တရာ၊ ငဖဲ။ စကိုင်းတိုင်းဒေသကြီးအတွင်းရှိ နန်းယွန်း၊ လေရှီး၊ လဟယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်း။ ဇွန်လ (၈)ရက်၊ စနေနေ့၊ နံနက် (၈)နာရီ၊ မြန်မာ့အသံ လှိုင်းတို ၅၀.၇၁ ၅၉၁၅ Khz လှိုင်းတို ၅၀.၇၂ ၅၉၈၅ Khz လှိုင်းလတ် ၄၁၁.၅၂မီတာ ၅၉၈၅ Khz ၇၂၉ Khz MRTV Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati