မလေးရှားနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဆေးရုံတက်နေရသော လူနာများအတွက် အစိုးရနှင့် မြန်မာသံရုံးက စေတနာမရှိသော်ငြားလည်း Eleven Media Group မှ ဒေါ်လာတစ်ထောင်လှူဒါန်း
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပစ်မှတ်ထား၍ မေ ၃၀ ရက်မှ စတင်ခဲ့သည့် အကြမ်းဖက်
တိုက်ခိုက်မှုကြောင့် မလေးရှားနိုင်ငံ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူနေရသူများအတွက် Eleven
Media Group မှ အမေရိကန်ဒေါ်လာ တစ်ထောင်ကို မလေးရှားနိုင်ငံ ကပုန်း နာရေးကူညီမှု အသင်းမှတဆင့်
ဇွန် ၁၀ ရက်က ဆက်သွယ် လှူဒါန်းခဲ့ပါသည်။