ဂျပန် မော်တော်ယာဉ် လုပ်ငန်းစုကြီး Toyota သည် စက်ပိုင်းဆိုင်ရာ ပြဿနာ အချို့ကြောင့် Priusနှင့် Lexusကား အစင်းရေ နှစ်သိန်းကျော်ကို ခေတ္တပြန်လည် သိမ်းယူမည်ဟု သိရှိရသည်။ ကုမ္ပဏီက ကားအစင်းရေ (၂၄၂၀၀၀)ကို ပြန်လည် သိမ်းယူကာ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
အဆိုပါ မော်တော်ကားများသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိနေကြောင်း
ကုမ္ပဏီက ဆိုသည်။ အဆိုပါ ကားများတွင် ဘရိတ်ပြဿနာ ရှိနေကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ သို့သော်လည်း ယင်းချွတ်ယွင်းချက်ကြောင့် ထိခိုက် သေဆုံးမှု ဖြစ်ပွားကြောင်း မည်သည့် အထောက်အထားမျှ မတွေ့ရသေးဟုလည်း Toyotaက ပြောကြားထားသည်။
Read more http://www.planet.com.mm/
ဓာတ်ပုံ - Toyota Prius ကားအမျိုးအစား