Searching...

လုပ်သားပို့ရန် ဝန်ကြီးဌာနခွင့်ပြုချက် ကြန့်ကြာ၍ အေဂျင်စီက သမ္မတရုံး ထံ တိုင်


Tuesday, July 2, 2013

အလုပ်သမားပို့ရန် ခွင့်ပြုချက် ကြန့်ကြာသည်ဟုဆိုကာ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနကို မကျေနပ်၍ နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားစာ ပို့ထားကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သမား အဓိက ပို့ဆောင်နေသည့် ဆွေဆွေစံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး
အေဂျင်စီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ခွင့် ခွင့်ပြုချက်

ထုတ်ပေးရန် ကြန့်ကြာနေသည်ဟုဆိုကာ ဇွန်လ ၂၇ ရက်နေ့ အဆိုပါ အေဂျင်စီက ဦးဆောင်ကာ အလုပ်သမား စုစုပေါင်း လူ ၂၀၀ ကျော်က မြဝတီမြို့ ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြကြောင်း
၎င်းက ဆိုသည်။

“အေဂျင်စီက ဦးဆောင်ပြီး ထပ်ပြီးဆန္ဒထုတ်ဖော်ဖို့ အစီအစဉ်ရှိပါ
တယ်” ဟု ဦးကျော်မြင့်က ထပ်မံ ပြောကြားသည်။

ဝန်ကြီးဌာနက အလုပ်သမားပို့ခွင့်ပြုရန် ကြန့်ကြာနေသဖြင့် လုပ်သား ၆၀၀ခန့် ငါးလကျော် ကြာ သည်အထိ ထိုင်းနိုင်ငံသို့ သွားရောက်
လုပ်ကိုင် ခွင့် မရရှိဘဲ အခက်အခဲ ကြုံတွေ့ရကြောင်း ဆွေဆွေစံ
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီထံမှ သိရှိရသည်။

“ဝန်ကြီးဌာနပိုင်းက ကြန့်ကြာတယ်ဆိုတာ မဟုတ်ပါဘူး။ Demand Letter ပြည့်စုံရင် ဒီနေ့တင် ဒီနေ့ ရပါတယ်” ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနအကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

အလုပ်သမားများ ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခွင့် ကြန့်ကြာနေခြင်း မှာ အေဂျင်စီ၏ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ ဝန်ကြီးဌာန၏ ကြန့်ကြာခြင်း
ကြောင့် ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်နေ့က ဆန္ဒပြမှုဖြင့် ပုဒ်မ ၁၈(ခွင့်ပြုချက်
မရှိဘဲ စီတန်းလှည့်လည် ဆန္ဒပြမှု) ဖြင့် တရားစွဲဆိုခံထားရသူ ဦးကျော်မြင့်က
ပြောကြားသည်။

ဆွေဆွေစံ အေဂျင်စီ အပါအ၀င် ထိုင်းနိုင်ငံသို့ မြန်မာ အလုပ်သမား စေလွှတ် ခွင့် ပြုထားသော အကျိုးဆောင် အေဂျင်စီ ၁၂ ခုကို နှစ်နိုင်ငံ သဘောတူညီမှု MoU စနစ်ဖြင့် အမှန်တကယ် စေလွှတ်ပြီး အခွင့်အရေး အကာကွယ်ပေးမှု များ ရှိ မရှိ စစ်ဆေးရန် ဧပြီလ ၂၅ ရက်နေ့တွင် အစိုးရက ယာယီ ဆိုင်းငံ့ခဲ့ ကာ ဆွေဆွေစံ အေဂျင်စီကို မေလ ၄ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။

The Voice Weekly
 
အပေါ်သို့!