Searching...

နေပြည်တော် ကောင်စီနယ်မြေတွင် မီးမရရှိသော ကျေးရွာမှ အိမ်သုံးထင်း သယ်ယူရာတွင် ဖမ်းဆီး မှုများ ဖြစ်ပေါ်နေ



၎.၇.၂၀၁၃၊ ကြာသပတေးနေ့

နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာမှ ကျေးရွာသား ဦးထွန်းအောင်နှင့် ၄င်း၏ ညီဖြစ်သူ ဦးကျော်သူစိုး တို့မှ ဇွန်လ ၁၄ ရက်နေ့ ၂၀၁၃ ခုနှစ် နေ့လည် ၁၀း၃၀ နာရီတွင် လယ်ဝေးမြို့နယ် အနောက် ဖက်ရှိ ကျောက်မီးပူ ကျေးရွာ ၄င်းတို့၏ ဧည့်သည်များကို လိုက်ပို့ပြီး အပြန်တွင် လမ်းကြုံသဖြင့် အိမ်သုံးထင် (၃)ပေတို သစ်ကိုင်းခြောက် လက်တပွေ့စာ နှစ်စည်းကို အိမ်တွင် ထမင်း၊ ဟင်း ချက်ပြုတ်ရန် ၄င်းတို့၏ ဆိုင်ကယ်နောက်တွင် တင်ဆောင်လာခဲ့ကျရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ( F )လမ်း၊ နိုင်ငံတော် ဧည့်ဂေဟာ

အနီးအရောက်တွင် လူလေးဦးမှ တာသဖြင့် ဆိုင်ကယ်ပျက်နေတယ်ထင်၍ ရပ်ပေးလိုက်ကြောင်း၊ ဆိုင်ကယ်များ ရပ်ပီးကာ မှ အဆိုပါ လေးဦးမှ တောအုပ် အောင်ကျော်မိုး ဆိုသူသည် မင်းတို့ကို ဖမ်းတာဟု ပြောမှ သစ်တောဝန်ထမ်းမှန်း သိရပါသည်။

ဖမ်းဆီးသူ တောအုပ် အောင်ကျော်မိုးမှ ဖုန်းဆက်ခေါ်သော အခါမှ နောက်ထပ် ခြောက်ဦးခန့် ရောက်ရှိလာပြီး ထင်းတင်လာသော ဆိုင်ကယ်နှစ်စီးအား ဖမ်းဆီးခဲ့သည်။ တောအုပ် များဟု ၄င်းတို့ပြောမှ သိရသည်ဟု အဖမ်းခံရသူထဲမှ တစ်ဦးကပြောသည်။ ဖမ်းဆီးသည့် သစ်တော ၀န်ထမ်း များသည် ယူနီဖောင်းများ မ၀တ်ပဲ အရပ်ဝတ်များဖြင့် ဖမ်းဆီးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

ထင်းတင်လာသည့် ဆိုင်ကယ်များကို နေပြည်တော်၊ လယ်ဝေးမြို့ရှိ သစ်တောဦးစီးဌာန ရုံးသို့ ယူဆောင်သွားပြီး လူများကို ပြန်လွှတ်လိုက်ကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးမှ ဇွန်လ ၁၇ ရက်နေ့တွင် သစ်တောရုံးသို့ သွားရောက်ရာတွင် သစ်တောရုံးမှ နေပြည်တော်၊ ဇမ္ဗူသီရိ တရားရုံးသို့ တင်လိုက်ပြီ ဖြစ်ကြောင်းပြောသဖြင့် ဖမ်းဆီးခံ ဆိုင်ကယ်ပိုင်ရှင်များမှ ဇမ္ဗူသီရိတရားရုံးသို့ လိုက်သွားရာတွင် ဆိုင်ကယ်များအား ပုဒ်မ ၁၄ (က) ထင်းမျော ဖြင့်တရားစွဲထားသည် ဟုတရားရုံးမှ ပြောသော အခါမှ သိခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ထမင်းများမှာ ထင်းမျော အဆင့်မရှိကြောင်း၊ နားမလည်သော ကျေးရွာ သားများအပေါ် ပုဒ်မ တပ်ချင်သလိုတပ်ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တရားရုံးတွင် တရားရုံးမှ ဆင့်ခေါ်သည့် ရက်များကို ဖမ်းဆီးခံရသူများမှ သွားရောက်ရာတွင် ဖမ်းဆီးသည့် တောအုပ်အောင်ကျော်မိုး မလာသဖြင့် ရုံးချိန်း(၃)ချိန်း အရာမရောက်ခဲ့ကြောင်း၊ နောက်တစ်ပတ် တောအုပ်အောင်ကျော်မိုး လာသည့် ရုံးချိန်ကျမှသာ တရားရုံးမှ ဒဏ်ငွေ (၁၀၀၀)ကျပ် ဖြင့် ဒဏ်ရိုက်သဖြင့် ဒဏ်ငွေဆောင်ခဲ့ရသည်။

တရားရုံးမှ ဒဏ်ငွေ (၁၀၀၀)ကျပ်သာ ချမှတ်သော်လည်း တရားရုံးတွင် စာရွက်စာတမ်းကြေးနှင့် ၄င်းတို့ကို ဖမ်းဆီးသည့် တောအုပ်အောင်ကျော်မိုးအား ပေးဆောင်ရသည်မှာ ဖမ်းဆီးခံရသူ ညီအစ်ကို နှစ်ဦး စုစုပေါင်း ကုန်ကျစရိတ်မှာ (၃)သိန်း (၅)သောင်းခန့် ကုန်ကျမှသာ ဆိုင်ကယ်များ ပြန်လည် ရရှိခဲ့ကြောင်း ကြားသိရသည်။

အဆိုပါဖြစ်စဉ်ကဲ့သို့ ဇူလိုင်က ၂ ရက်နေ့တွင်လည်း ဒက္ခိဏသီရိမြို့နယ် အမျိုးသမီးရေးရာ ရုံးချုပ် အနီးတွင် ရန်အောင်မြင်ကျေးရွာမှ အိမ်သုံးထင်း တင်ဆောင်လာသော ဦးကျော်ဟိန်းဆိုက္ကား နှင့် ဦးငြိမ်းမောင် ဆိုက္ကားနှစ်စီးအား ထပ်မံ ဖမ်းဆီးထားပြီး ယခုအချိန်ထိ အာမခံမရ သေးကြောင်း၊ ၄င်းတို့သည် တနေ့လုပ် တနေ့စားများ ဖြစ်ကျသဖြင့် စားဝတ်နေရေးလည်း အခတ်အခဲများ ရှိကြောင်း ကြားသိရပါသည်။

ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာသည် လျှပ်စစ်မီးမရရှိသဖြင့် ထမင်း၊ ဟင်း ချက်ပြုတ် ရန်အတွက် ထင်း၊ မီးသွေးများကိုသာ အားကိုး အသုံးပြုရသော ကျေးရွာဖြစ်ပြီး ယခုကဲ့သို့ အိမ်သုံး ထင်းတင်ဆောင်သော ဆိုင်ကယ်များ ဆိုက္ကားများကို ဖမ်းဆီး မှုများ ရှိနေသောကြောင့် ကျေးရွာသားများ အခတ်အခဲများဖြင့် အလွန်ကြုံတွေ့ နေရကြောင်း၊ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ဆက်ဆိုင်ရာ တာဝန်ရှိသူများ မှ အလျှင်အမြန် ဆောင်ရွက်ပေးစေလိုကြောင်း ကြားသိရပါတယ်။
အဆိုပါဖြစ်စဉ်များကြောင့် ရန်အောင်မြင်ကျေးရွာတွင် ထမင်း၊ ဟင်းချက်ပြုတ်ရန် ထင်းအခတ် အခဲများ ဖြစ်ပေါ်လျှက်ရှိသည်။ ရန်အောင်မြင်ကျေးရွာတွင် ကျေးရွာထင်းစိုက်ခင်းလည်း မရှိကြောင်း ကြားသိရသည် ။

Channelnews
 
အပေါ်သို့!