မောင်းတောမှ ရခိုင်ပြည်သူများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သော ပြည်သူ့ခေတ်ဂျာနယ် သတင်းများ..
“အကြမ်းဖက်ခံရခိုင်အမျိုးသားညီအ စ်ကိုမောင်နှမများအား
စာနာထောက်ထားပါသည်။ တိုင်းတပါးသားများကျူးကျော်မှု
အပြင်းအထန်ဆန့်ကျင်ရှုံချပါသည်” စာတမ်းကိုင်ဆောင်လျက် အမျိုးသားနှစ်ဦးနှင့်
အမျိုးသမီးတစ်ဦးတို့က ရန်ကုန်မြို့ ဆူးလေရှိမြို့တော်ခန်းမအနီးတွင် ဆန္ဒဖော်ထုတ်ရန်ရောက်ရှိလာစဉ် လုံခြုံရေးတာဝန်ရှိသူများမှ ဖြောင်းဖျ လူစုခွဲစေခဲ့သည်။(ဇွန်၉ရက်၊ နံနက် 10နာရီခွဲခန့်)
ပျက်စီးဆုံးရှုံးမှုအခြေအနေကို ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေက ပြောပြရာတွင်“ မောင်တော်တောင် ပိုင်းက
ရွာ၇ရွာလောက်တော့ ပြာကျသွားတယ်။ သတင်း အတည်ပြုချက်ရပြီ၊ မြို့ပေါ်နဲ့နယ်က
လောလောဆယ် လူ၆ယောက် ဆုံးသွားပြီလို့ သိရတယ်။ ဆေးရုံကိုထပ်ရောက်နေတာ
၅ယောက်လောက်ရှိတယ်၊ မနက်5နာရီလောက်မှာ လူစုကွဲပြီးတော့
အခုနည်းနည်းငြိမ်နေတဲ့ သဘောရှိတယ်။ နယ်တွေမှာ
ပြန်ပြီးစည်းရုံးနေတယ်ဆိုတယ်လို့ ...တော့ ကြားရတယ်”ဟုပြောပြသည်။
လက်တလော အခြေအနေများနှင့်ပတ်သက်၍ ၄င်းက “မနက်ကသတင်းကြား တာတော့ စည်ပင်သာယာပေးနေတဲ့ ရေကို အဆိပ်ခပ်လို့ အဲဒီရေကို သောက်မိတဲ့သူတွေက နည်းနည်းဒုက္ခဖြစ်နေတယ်လို့ ပြောသံကြားတယ်။ အတည်ပြုချက်တော့မရသေးဘူး၊ မသောက်သုံးဖို့အတွက် လူတွေကိုတားထားတယ်”ဟုပြောသည်။
နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားချက်အရ မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် ၃နေရာတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား ကြောင်းသိရသည်။
ဇွန်၉ရက်နံနက်တွင် ရခို်င်အမျိုးသားများတိုးတက်ရေး ပါတီ မောင်တောမြို့နယ် ဥက္ကဌ၏ ပြောပြချက်အရ မောင်တောမြို့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ရွာများမှ ထိခိုက်ဒဏ်ရာရရှိသူများ ဆေးရုံသို့ ရောက်ရှိလာနေဆဲဖြစ်ပြီး အသေ
အပျောက်နှင့် ဒဏ်ရာရရှိသူစာရင်းကို အတိအကျ မသိနိုင်သေးကြောင်း ပြောပြသည်။
ညည့်နက်ပိုင်းက လက်နက်များဖြင့် နယ်စပ်ကိုဖြတ်ကျော် ၀င်ရောက်လာသည်ဟုသိရသော
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ ဝင်များအမည်ခံ
ရိုဟင်ဂျာ အကြမ်းဖက်သမားများနှင့် ပတ်သက်သည့် သတင်းများမှာ ထပ်မံကြားသိ
ရခြင်းမရှိသေးကြောင်း၊ ယမန်နေ့က အကြမ်းဖက်ခဲ့ကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာများ
လူသူစုရုံးမှုများရှိနေသည်ကို ကြားသိနေရဆဲဖြစ်ကြောင်း ၄င်းကပြောသည်။
မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ) တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်းသိရ
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေ၏ အတည်ပြုပြောပြချက်အရ မောင်တောနှင့်
နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ)တပ်ဖွဲ့များ
ရောက်ရှိတာဝန်ယူနေကြောင်း သိရသည်။
၎င်းက “လုံခြုံရေးကတော့ စစ်တပ်ကရော၊ လုံထိန်းရော၊ အသင်းအဖွဲ့ရော အကုန်လုံးရှိပါတယ်၊ ညပိုင်းက ဘင်္ဂလားဒေ...့ရှ်ဘက်က လက်နက်နဲ့ဝင်လာတဲ့ လူတွေကို ရေတပ်က ပိုက်စိပ်တိုက်လိုက်ရှာနေတယ်လို့  သိရတယ်” ဟုပြောသည်။
လုံခြုံရေးတာဝန်ယူထားမှုအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “မောင်တော-ဘူးသီးတောင်နယ်မြေအတွ င်း
လုံခြုံရေးအတွက်ံရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များအပြင် အရန်အဖြစ်တပ်မတော်မှ
ဒုစခကမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက်ချထားလျက်ရှိကြောင်း၊
နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၆စီး ဖြန့်ကျက်
ထားကြောင်း” ဖော်ပြထားသည်။
“အကြမ်းဖက်ခံရခိုင်အမျိုးသားညီအ
ပျက်စီးဆုံးရှုံးမှုအခြေအနေကို ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက
လက်တလော အခြေအနေများနှင့်ပတ်သက်၍ ၄င်းက “မနက်ကသတင်းကြား တာတော့ စည်ပင်သာယာပေးနေတဲ့ ရေကို အဆိပ်ခပ်လို့ အဲဒီရေကို သောက်မိတဲ့သူတွေက နည်းနည်းဒုက္ခဖြစ်နေတယ်လို့ ပြောသံကြားတယ်။ အတည်ပြုချက်တော့မရသေးဘူး၊ မသောက်သုံးဖို့အတွက် လူတွေကိုတားထားတယ်”ဟုပြောသည်။
နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားချက်အရ မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် ၃နေရာတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား
ဇွန်၉ရက်နံနက်တွင် ရခို်င်အမျိုးသားများတိုးတက်ရေ
မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ) တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်းသိရ
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက
၎င်းက “လုံခြုံရေးကတော့ စစ်တပ်ကရော၊ လုံထိန်းရော၊ အသင်းအဖွဲ့ရော အကုန်လုံးရှိပါတယ်၊ ညပိုင်းက ဘင်္ဂလားဒေ...့ရှ်ဘက်က လက်နက်နဲ့ဝင်လာတဲ့ လူတွေကို ရေတပ်က ပိုက်စိပ်တိုက်လိုက်ရှာနေတယ်လို
လုံခြုံရေးတာဝန်ယူထားမှုအခြေအနေန
