Searching...

ရခိုင်ပြည် ယခု ၁၁း၃၀ တွင် ရရှိသော သတင်းပေးပို့ ချက်များအရ.... နောက်ဆုံးရသတင်း...

ရခိုင်ပြည် ယခု ၁၁း၃၀ တွင် ရရှိသော သတင်းပေးပို့ ချက်များအရ.... နောက်ဆုံးရသတင်း...

Arakan Mrauk U Tharposted toArakan-ရခိုင်ပြည်
ယခု ၁၁း၃၀ တွင် ရရှိသော သတင်းပေးပို့ ချက်များအရ
Posted by Admin on 11:25 AM // 0 comments
ယခု ၁၁း၃၀ တွင် ရရှိသော သတင်းပေးပို့ ချက်များအရ မွတ်ဆလင် အကြမ်းဘက်တိုက်ခိုက်သူများသည် မောင်တောရှိရခိုင်ကျေးရွာများကိုသာမက ယခင်နအဖစစ်အစိုးအရမှ တည်ဆောက်ပေးထားသည့် နတလ စံပြကျေးရွာများ ဖြစ်ကြသည့် ခရေမြိုင်၊ မောရ၀တီ၊ ရွှေရင်အေး၊ ဝေသာလီ စသည့် ကျေးရွာများနှင့် ရွားဟောင်းများဖြစ်ကြသည့် ကန်သာယာ၊ ဗောဓိကုန်းစသည့် ရွာများကို ညဥ့်အချိန် ၈ နာရီဝန်းကျင်မှ

စ၍ ဆိုက်တိုက် မီးရှိုးခဲ့ကြကြောင်း ကျေးရွာသားများက ပြောသည်။ အဆိုပါ ကျေးရွာသားများမှာ လက်ရှိအချိန်တွင် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသော်လည်း သူတို့ ၏ ကလေးသူငယ်အများအပြားမှာ ပျောက်ဆုံးနေကြကြောင်း ပြောသည်။ ယခုအချိန်အထိ သူတို့ ထဲမှ အများစုမှာ လုံခြုံရေး ကာကွယ်ပေးမှုများ မရှိသေးသောကြောင့် အသက်အန္တရာယ် စိုးရိမ်နေကြရကြောင်းပြောသည်။ အောင်ဗလ ကျေးရွာကို လည်း မီးရှို့တိုက်ခိုက်ရန် အကြိမ်ကြိမ် လာနေကြသော်လည်း ရွာသားများအားလုံး တနေရာတည်းတွင် စုရုံးနေကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်များ ပေါက်ဖေါက်ကာ အကာအကွယ်ပေးထားသည့် အတွက်ကြောင့် တိုက်ခိုက်၍ မရနိုင်သေးကြောင်း ရွာသားများက ပြောသည်။
 
အပေါ်သို့!