Searching...

ရက်စက်လိုက်ပါ့ပေ့.......။

ရက်စက်လိုက်ပါ့ပေ့.......။

ကလေးငယ်တစ်ဦးအပေါ် လူမဆန်စွာရက်စက်မှု ဟင်္သာတမြို့တွင်ဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ပြီးခဲ့သောရက်အနည်းငယ်ခန့်က အလုပ်ရှင်မှ (၉)နှစ်အရွယ်ရှိ ၄င်း၏အလုပ်သမား ကလေးငယ်တစ်ဦးအပေါ်လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ဟင်္သာတမြို့ဦးပါရဲဘုရား အရှေ့ဘက်တွင်ဖွင့်လှစ်ထားသော U&Me လက်ဖက်ရည်ဆိုင်မှ အလုပ်သမားလေး မောင်ထိပ်ကွက်သည် အလုပ်ရှင်မိသားစုမှ မွေးမြူထားသော ခွေးကလေးအား ရိုက်နှက်မိခဲ့သဖြင့် အလုပ်ရှင်မှ ဖမ်းဆီးရိုက်နှက် နှိပ်စက် ညှဉ်းပန်းခဲ့သဖြင့်

ကလေးငယ်လေးမှာ သေလုမျောပါး ဒဏ်ရာများဖြင့်ဆေးရုံတင်ထားခဲ့ရသည်။ '' ကလေးက မိဘမဲ့လေးဗျ၊ သူတို့ဆိုင်မှာအောက်ခြေသိမ်း အကုန်လုပ်ပေးရတာ၊ ထားတော့လည်း ခွေးတွေထားတဲ့နေရာမှာပဲ အတူထားတာ၊သူတို့မွေးထားတဲ့ခွေးကို ရိုက်မိလို့တဲ့ဗျာ၊ နှိပ်စက်တာမှ တစ်ကယ့်ကို လူမဆန်ဘူး၊ ရိုက်နှက်ထိုးကြိတ်ရုံတင်မကဘူး၊ မီးပူနဲ့ ပေါင်တွေ၊ ကျောတွေကို ကပ်တယ်၊ ခွေးချေးတွေကို ပါးစပ်ထဲထိုးထည့်ပြီး အပြင်ကအ၀တ်နဲ့ ပိတ်စို့ထားပြီး မျက်နှာကို ကြိုးနဲ့ချည်ထားတာဗျ။ အချိန်မှီဆေးရုံမတင်နိုင်ရင် ကလေးကသေတော့မှာဗျ '' ဟု အမြင်မတော်သူ မျက်မြင်သက်သေတစ်ဦးကပြောပြခဲ့သည်။ ယခုအချိန်တွင် ကလေးငယ်မှာ ဟင်္သာတဆေးရုံတွင် ဆေးကုသခံလျှက်ရှိပြီး ၄င်းအမှုကို ( ပုဒ်မ 326 ၊ 342 ) တို့ဖြင့် ဆွဲဆိုထားကြောင်းသိရသည်။
   (ဟိုယခင်က လည်း မန္တလေး ၂၇x၈၂ လမ်းဒေါင့်ရှိ နေ ကဖေးတွင် ဖြစ်ပွားခဲ့ဘူးပြိး ဥပဒေ အရ အရေးယူခဲ့ဘူးသည်။)လဘက်ရည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေရတဲ့ ၉ နှစ် အရွယ် မိဘမဲ့ ကလေးတဦး ဆိုင်ပိုင်ရှင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတဲ့အတွက် ဆေးရုံ
ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည်ဆိုင်မှာ

အလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ကလေးတဦးဟာ

ဆိုင်ပိုင်ရှင်ရဲ့ အပြင်းအထန် ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့အတွက် ဟင်္သာမြို့

ဆေးရုံကြီးမှာ တင်ထားရကြောင်း စုံစမ်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ကလေးအလုပ်သမား မောင်ထိပ်ကွက်ဟာ သူ့ရဲ့

ဆွေမျိုးသားချင်းတွေ ရှိရာကို သွားလည်တဲ့အတွက် ဆိုပြီး ဆိုင်ပိုင်ရှင် စနိုး (ခေါ်)

ဦးဆက်မူးဌေးဝင်း က လိုက်လံခေါ်ယူကာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လက်ပြန် ကြိုးတုပ်ကာ
ထုပ်တန်းမှာ ကြိုးနဲ့ ဆွဲချီထားပြီး ရိုက်နှက်ခဲ့သလို လျှပ်စစ်မီးပူနဲ့
ခန္ဓာကိုယ်အနှံ့ တို့ခဲ့တဲ့အတွက် ကလေးမှာ တကိုယ်လုံး ဒဏ်ရာ ပြင်းထန်စွာ
ရရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးမောင်ထိပ်ကွက်ကိုသိရှိတွေ့မြင်ခဲ့ရတဲ့မျက်မြင်သက်သေ တစ်ဦးက ပြန်ပြောပြပါတယ်။

၂၆ ရက်နေ့မှာ ဦးထက်မူးဌေးဝင်းမရှိခင် သူ့ရဲ့ဇနီးသည်က ကြိုးဖြေပေးခဲ့တဲ့ အတွက် ကလေးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် တခြား အိမ်တစ်အိမ်ကို ၀င်ရောက် အကူအညီတောင်းခဲ့တဲ့အတွက် ၂၇ ရက်နေ့ကျမှ ဆေးရုံကိုတင်နိုင်ခဲ့ပါတယ်။

မောင်ထိပ်ကွက်ရဲ့ တင်ပါး နှစ်ဘက်၊ ပေါင်၊ ဝမ်းဗိုက်တွေမှာ
မီးပူဒဏ်ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားကြောင်း၊ ဒါ့အပြင် သံကြိုးနဲ့
ရိုက်နှက်ခဲ့တဲ့အတွက် ခြေထောက်နဲ့ နောက်ကျောဘက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားကြောင်းမျက်မြင်သက်သေတွေက အာအက်ဖ်အေကို ပြောပါတယ်။

ဆိုင်ပိုင်ရှင် စနိုး (ခေါ်)ဦးဆက်မူးဌေးဝင်းကို ပုဒ်မ (၃၂၆) မသေမချင်း ညှဉ်းပန်း နှိပ်စက်မှုနဲ့ ရဲက အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရပါတယ်။
ဗမာပြည်ဖွားညီနောင်များ၏သတင်းကို.. (ထပ်ဖြည့်ပေးလိုက်ပါတယ်)။


 
အပေါ်သို့!