Searching...

ရခိုင်တိုင်းရင်းသားတွေနေထိုင်တဲ့ အိမ်တွေကို မီးရှို့

ကိုမြအေး : မောင်တောမြို့မှာ ဒီကနေ့ ရခိုင်တိုင်းရင်းသားတွေနေထိုင်တဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ဆီမှာ တနေ့က အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့အစည်း (၅)ဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းပြီး ကြေညာချက် ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အစိုးရအနေနဲ့ ထိထိရောက်ရောက်
ကာကွယ်ပေးသင့်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ထိရောက်စွာအရေးယူပေး စေချင်ပါတယ်။ နောက်တစ်ချက်က ပျက်စီးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိုးအိမ်အဆောက်အအုံတွေကိုလည်း မူလအတိုင်း ပြန်ဖြစ်အောင် အစိုးရအနေနဲ့ ကြပ်မတ်ပြီး ဦးစီးဆောင်ရွက်ပေးစေချင်ပါတယ်။
 
အပေါ်သို့!