လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အင်အား ၁၈၀ ခန့်နဲ့
မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ရခိုင်- ဘင်္ဂလားနယ်စပ်မှာ
ဒီနေ့ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ မောင်တောနယ်စပ်ကို ဖြတ်ပြီး
ရိုဟင်ဂျာလက်နက်ကိုင်အင်အား ၂၀၀ လောက် ထပ်ဝင်လာနေတယ်လို့ အဲဒီနယ်စပ်က
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးက စစ်တွေမြို့ကို အကြောင်းကြားလာပါတယ်။ နယ်စပ
်ကာကွယ်ရေးမြန်မာတပ်တစ်တပ်အ၀ိုင်းခံနေရတယ်လို့
ဆိုပါတယ်။ ရိုဟင်ဂျာတွေမှာ အေကေ 47 သေနတ်တွေ၊ လောင်ချာတွေလည်း
ပါလာပြီး
ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ စစ်တွေမြို့က ရခိုင်အမျိုးသားစောင့်ကြည့်ရေးက
ွန်ရက်က တာဝန်ရှိသူတစ်ဦးက ဖုန်းနဲ့အကြောင်းကြားထားပါတယ်။ မြန်မာ့တပ်မတော် လေတပ်ကို အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
သတင်းကို အတည်ပြုနိုင်ဖို့ကြိုးစားနေဆဲဖြစ်ပြီး
နောက်ဆက်တွဲအခြေအနေကို ဆက်တင်သွားပါမယ်။ မောင်တောမြို့မှာ အခြေအနေတွေ
ပြန်လည်တည်ငြိမ်နေပြီလို့လည်း သမ္မတရုံးကထုတ်ပြန်ထားပါတယ်။