တိုင်းပြည်ဟာခုချိန်မှာ
အသွင်ကူးပြောင်းကာလလို့ ဆိုနိုင်ပါတယ်။ အင်မတန် နုနယ် ထိလွယ် ရှလွယ်တဲ့
အခိုက်အတန့်ပါ။ ဒီလို အချိန်မျိုးမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေဟာ
အင်မတန်မှ စိတ်ပျက်ဖို့ကောင်းနေပါတယ်။ ကျနော်မေးကြည့်ချင်တယ်.ဒီလိုမုဒိန်းမှုဆိုတာ
တိုင်းပြည်မှာ ပထမဆုံး ဖြစ်တဲ့ အမှုလားလို့ ? 10 နှစ်သမီးလေးကို ဘယ်လို
လုပ်သွားလို့ ..မယာပါသမီးကို ပထွေးနဲ့ အပေါင်းအပါ တစ်စုက ဘယ်လို ဘယ်ပုံ
လုပ်သွားတယ် ဆိုတာတွေဟာ ကြားဖူး
မြင်ဖူးတဲ့ ပြဿနာတွေပါ။ ခုကျမှ အထူးအဆန်းတွေ ဖြစ်ပြီ.အုတ်အော်သောင်းနင်းတွေ
ဖြစ်နေပါတယ်။ ဒီလိုပြောလို့ မျိုးချစ်စိတ်မရှိဘူး ကိုယ်ချင်းစာတရား
မရှိဘူးလို့တော့ မထင်ပါနဲ့၊အခုကိစ္စမှာ တာဝန်အရှိဆုံးက ရခိုင်ပြည်နယ်
ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ပါပဲ။ ဒီကိစ္စဖြစ်ဖြစ်ချင်း အထူးခုံရုံးဖွဲ့
စစ်ဆေးပီး ပြင်းထန်တဲ့ အပြစ်ဒဏ်ချမှတ်လိုက်ရင် ဒီအရေးဟာ ရာဇဝတ်မှု တခု
အနေနဲ့ ပီးရမှာပါ။ ဘာဖြစ်လို့
ဒီလူသုံးယောက်ကို အချိန်ဆွဲထားတယ်ဆိုတာ
စဉ်းစားစရာဖြစ်နေပါပြီ။နောက်တစ်
ခုက
အခုတင် FB ပေါ်မှာ အောကြီးဟစ်ကျယ်နှင့် အမျိုးသားရေး အော်နေတဲ့
နိုင်ငံခြားရောက် ရခိုင်အမျိုးသား တစ်ယောက်ကို မြင်လိုက်ပါတယ်။ နိုင်ငံရေး
သမားပါပဲ၊ သူ့သမီးက နိုင်ငံခြားသားနဲ့ တွဲနေတာ ကျနော်
ကိုယ်တိုင်မြင်ဘူးပါတယ်။ သူ့သမီးတော့ သူဘာမှ မပြောပဲ.ဒီကိစ္စမှာ
ထအော်နေတာကိုက သူတို့တွေ မဟုတ်တော့ပါဘူး။ နိုင်ငံရေး ပြောင်းလဲလာလို့
အလှူခံမရတော့တဲ့ ပြည်ပက လဘာချာတွေနဲ့ တိုင်းပြည်ကျပ်လေ အမြတ်ထွက်လေတွေ ရဲ့
အာဘော်တွေကိုတော့ အားလုံး သတိထားလိုက်ပါ။ ဒီကိစ္စကို မြင်တဲ့
အမြင်ပြောရရင်တော့ သုံးယောက် တစ်ယောက် ကိစ္စက ရာဇဝတ်မှု ၊ တစ်ဆယ့်တစ်ယောက်
သုံးရာ ကတော့ မင်းမဲ့စရိုက် ၊ဒီလိုရှင်းရှင်းလေးပဲ အဖြေရပါတယ်။ မူစလင်သော
ဘာသောတော့ ကျနော်ကို လာမပြောပါနဲ့..ဗိုလ်ချုပ်အောင်ဆန်းခေတ်မှာ
ဦးရာဇတ် အသက်စွန့်သလို ...မင်းကိုနိုင်တို့ထဲမှာလည်း ကိုမြအေးပါခဲ့ပါတယ်။
ကျနော်တို့ ပြန်လို့မရဘူး ဖမ်းမယ် ဆီးမယ် ဆိုတဲ့ခေတ်ကတောင် အတူတူလုပ်တဲ့
အထဲမှာ မူစလင် သုံးယောက်ပါခဲ့ပါတယ်။ ဒီလိုတွေ စွန့်ခဲ့ရချိန်မှာတော့
လက်တွဲပြီ ခုမှ ငါဟ မဟာဗမာလို့ ထအော်ရင် ခွေးထက်တောင် မိုက်ရာကျပါလိမ့်မယ်။
အမျိုးပျောက်မှာတော့ ကျနော် စိုးကြောက်ပါတယ် ။ ဒါပေမဲ့ လူတွင်ပါလို့
နွားကျားကိုက်တာပါ။ မူစလင်အမျိုးသမီးတွေ ဗမာ အမျိုးသားကို ယူဖို့
တစ်ထောင်မှာ တစ်ယောက် ရှားချိန်မှာ ကိုယ်တွေဘက်က ပါတယ်ဆိုရင် ဘယ်သူဘယ်သူ
တွေမှာပါ အပြစ်ရှိတယ်ဆိုတာ စဉ်းစားကျဖို့ ချိန်တန်ပါပြီ..။.