Searching...

ရန်ကုန်-နေပြည်တော် အမြန်ရထားလမ်း ဖောက်မည်

ရန်ကုန်နှင့် နေပြည်တော်အကြား တစ်နာရီအတွင်း အရောက်သွားနိုင်သော အမြန်ရထားလမ်း ဖောက်လုပ်သွားမည် ဖြစ်ကြော င်း နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနတွင် ပြုလုပ်သော ပြည်တွင်း မီဒီယာများနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ စက်မှုဝန် ကြီးဌာ နနှင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံပွဲတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေင်မင်းက ပြောကြားခဲ့သည်။
ယင်းရထားလမ်း ဖောက်လုပ်မှုတွင် ဂျပန် ပို့ဆောင်ရေးလုပ်ငန်းက ဝင်ရောက် ကူညီပေးမည် ဖြစ်ပြီး အမြန်ရထား ပို့ဆောင်ရေး လုပ်ငန်းနှင့် အတူ ရန်ကုန်မြို့ မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း တို့ကိုလည်း ဂျပန်မှ ကူညီရန် ဆွေးနွေးထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အမြန်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၃ဝဝ ခန့် သွားနိုင်ပြီး ရန်ကုန်မှ နေပြည်တော်သို့ တစ်နာရီအတွင်း အရောက်သွားနိုင်မည် ဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မွန်ပြည်နယ် သံဖြူဇရပ်မှ ထိုင်းနိုင်ငံ နယ်စပ်ထိ ဖောက် လုပ်ခဲ့သော သေမင်းတမန် ရထားလမ်းကိုလည်း မိုးရာသီကုန်လျှင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြန်လည် ဖောက်လုပ် သွားမည် ဖြစ်ကြောင်းလည်း အဆိုပါ ဝန်ကြီးက ပြောကြားသွားခဲ့သည်။

 
အပေါ်သို့!