Searching...

ရှင်ဂျီ ကာဂါဝါနဲ့ သူရဲ့ရည်စား အပြာကားမင်းသမီး Ameri Ichinose


ကြည့်ရတာကတော့၊ မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဂျပန်ကွင်းလယ်ဖန်တီးရှင် ကာဂါဝါတစ်ယောက် အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြပြီး ပရိသတ်အား ဖျော်ဖြေရုံမကပဲ ကိုယ်ပိုင်အချိန်မှာပါ ယင်းအတွက် ကိုယ်ပိုင်ဖျော်ဖြေရေး အစီအစဉ် ခေါ်ဆောင်လာတဲ့ ပုံပါပဲ။
ကာဂါဝါကို ရိုးရိုးသားသား သာမန် ဘောလုံးသမား တစ်ယောက်လို့တော့ မထင်လိုက်ပါနဲ့။ သူ့ရဲ့ ရည်းစားဖြစ်သူ ဘယ်သူဘယ်ဝါလဲဆိုတာ သင်အနေနဲ့ သိလိုက်ရင် ဘာကိုဆိုလိုလဲဆိုတာ ပေါ်လွင်လာမှာပါ။ သူ့ရည်းစားကိုလဲ Red Devil လို့ တင်စားလို့ရအောင်ပါပဲ။
နာမည်က Ameri Ichinose ပါတဲ့။ တစ်ချိန်က နာမည်ကြီး မော်ဒယ်တစ်ယောက်ပါ။ ၂၀၀၆ နှစ် နောက်ပိုင်းမှာတော့ ဂျပန်ရဲ့ အပြာဇာတ်ကားတွေဖြစ်တဲ့ AV ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာပါတယ်။ တည့်တည့်ပြောရင်တော့ ဂျပန်ဖြစ် Pornstar ပေါ့။
သူမဟာ အသက် ၂၄ နှစ် ရှိပြီဖြစ်ပြီး အပြာကားတွေမှာ Erika Kurisu နဲ့ Ayaka Misora
ဆိုတဲ့ နာမည်တွေကို အသုံးပြုခဲ့ဖူးပြီး သင်အနေနဲ့ ဒီနာမည်တွေကို Google မှာ ရှာကြည့်လိုက်မယ်ဆိုရင် သူမအနေနဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ ဘယ်တွေ ယူဆောင်လာမလဲဆိုတာ ခန့်မှန်းလို့ရပါလိမ့်မယ်။ ရှာဖြစ်အောင် ရှာကြည့်လိုက်ပါ။
ကာဂါဝါကလည်း ဒေါ့ဒ်မွန်မှာ စူပါစတားဖြစ်လာ၊ အိုးလ်ထရက်ဖို့ဒ်ကိုလည်း ပြောင်းရွှေ့ဖြစ်ဆိုတော့ သူတို့ ၂ ယောက် တွေ့ဆုံချစ်ကြိုက်သွားကြတာ ဆန်းမယ်မထင်ပါ။
ရာသီသစ် စပြီဆိုတာနဲ့ ဆာအဲလက်စ်နဲ့ မန်ယူပရိသတ်တွေကတော့ ကာဂါဝါတစ်ယောက် သူ့ရဲ့ အင်အားနဲ့ အစွမ်းတွေကို ကွင်းထဲမှာ ထိထိရောက်ရောက် အသုံးချတာကို ပိုမိုမြင်တွေ့ချင်မှာ အသေအချာပါပဲ။ ဒါပေမယ့် ရည်းစားဖြစ်သူကလည်း မခေသူဆိုတော့ အင်အားတွေ အိပ်ခန်းထဲမှာသာ ကုန်ဆုံးပြီး ခြေစွမ်းမပြနိုင်ရင်တော့ ဆာအဲလက်စ်ရဲ့ လက်ချက်စာ မိမှာလည်း အသေအချာပါပဲ။ Ameri ကိုယ်တိုင်က လိင်ဆက်ဆံတာကို “ဆန်းလေ၊ ကောင်းလေ။” လို့ ထုတ်ဖော်ပြောကြား ခဲ့တာဆိုတော့ သရဲနီ ပရိသတ်ကြီးကတော့ ရင်လေးနေမှာ အသေအချာပါပဲ။
မှတ်မိကြသေးလား။ ဒေးဗစ်ဘက်ခ်ဟမ်တစ်ယောက် မိန်းမဖြစ်သူနဲ့ အချိန်ကုန်ပြီး ခြေစွမ်းမပြနိုင်တဲ့အခါ တစ်ချီတည်းနဲ့ ကန်ထုတ်ခဲ့တာကိုလေ။
နောက်ဆုံးတစ်ခု တွေးမိတာကတော့ သရဲနီပရိသတ်ကြီး အနေနဲ့ ရုပ်သံပေါ်ကနေ ကာဂါဝါရဲ့ ခြေစွမ်းပြမှုကို ပိုစိတ်ဝင်စားမလား၊ ပွဲကြည့်စင်ပေါ်က လေဒီကာဂါဝါကိုပဲ ပိုမိုအာရုံရောက်နေကြမလား ဆိုတာပါပဲ။
စောင့်ကြည့်ကြတာပေါ့နော်။
 
အပေါ်သို့!