မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ၊ (ဆ)ရပ်ကွက်ရှိ နေတံဆိပ်
ဓာတ်ခဲစက်ရုံတွင် ယနေ့(ဇွန်လ ၂၀ ရက်နေ့)က စက်ရုံအလုပ်သမားများမှ
မိမိတို့လိုလားချက်များအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း
ဆိုမှုတစ်ခုပြုလုပ်ခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ
ဖော်ပြထားပါသည်။
ဆန္ဒပြတောင်းဆိုမှုအား မနက် ၈ နာရီအချိန်မှစ၍ အဆိုပါ စက်ရုံဝင်းအတွင်း၌
အလုပ်သမား ၄၀၀ ခန့်မှ တောင်းဆိုချက် ၉ ချက် တင်ပြတောင်းဆိုခဲ့ကြောင်း
သိရသည်။
အလုပ်သမားများမှ တောင်းဆိုသည့်အချက် ၉ ချက်မှာ အခြေခံ လစာကို ယခင်လစာအပြင် သုံးသောင်းခွဲကျပ်ထပ်တိုးပေးရန်
၊
လစဉ်ရက်မှန်ကြေး တစ်သောင်းခွဲကျပ် တိုးပေးရန်၊ သောက်သုံးရေများကို
ရေသန့်ဗူးထားပေးရန်၊ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပါက အလုပ်သမား
ခံစားခွင့်အတိုင်း အတိအကျ သတ်မှတ်ပေးရန်၊ အလုပ်သမား မှတ်ပုံတင်ကဒ် တိတိကျကျ
ပြုလုပ်ပေးရန်၊ အလုပ်ချိန်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုနှင့်
နေထိုင်မကောင်းဖြစ်ပါက စက်ရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်
အပြည့်အ၀ပေးရန်၊ အလုပ်သမား ၀တ်စုံကို ၀န်ထမ်းအားလုံးကို ထုတ်ပေးပါရန်၊
အလုပ်သမား နားနေဆောင် ဆောက်လုပ်ပေးရန်နှင့် ဓာတုဆေးအတွက် ကာကွယ်ရန်
အလုပ်သမားသုံး ပစ္စည်းများ ပြည့်စုံအောင် ထုတ်ပေးရန်တို့ဖြစ်ကြောင်း သိရသည်။
၎င်းဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ ဇွန်လ ၂၀ ရက်နေ့ မွန်းလွှဲပိုင်းအထိ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလုပ်သမားများဘက်မှ တောင်းဆိုချက်များကို စောင့်မျှော်လျက်ရှိကြောင်း Eleven Media Group အင်တာနက်စာမျက်မှာ ဖော်ပြထားပါသည်။

Eleven Media Group