ဗိုလ်ချုပ်အောင်ဆန်းပုံကို
ပိုးဖြင့်ထိုးထားသော ပန်းချီကားအား မြန်မာနိုင်ငံတွင်ပြုလုပ်မည့်
အကြီးဆုံးပန်းချီပြပွဲတွင် လေလံတင်ရောင်း ချမည် ဖြစ်ကြောင်း ပြပွဲ
ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ
ပန်းချီပြပွဲကို NLD ပညာရေးကွန်ယက်က ဦးစီးကျင်းပခြင်းဖြစ်ပြီး၊ လာမည့်
၂၀၁၂ ခုနှစ်၊ ဇွန်လိုင်လ ၂ ရက်မှ ဇွန်လိုင်လ ၇ ရက် အထိ ရန်ကုန် မြို့
ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
ပန်းချီပြပွဲတွင် ပန်းချီကားပေါင်း ၁၂၀၀ ကျော်အား
ပြသရောင်းချသွားမည်ဖြစ်ပြီး၊ ၎င်း ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ ပိုးပန်းချီ
ကားအား ငွေကျပ် သိန်း တစ်ရာဖြင့် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း
သိရသည်။
"ကျွန်တော်
ဒီဗိုလ်ချုပ် ပန်းချီကားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ပဲ ရထားတာပါ။
သူများက လက်ဆောင် ပေးထားတာဖြစ်ပါ တယ်။ ဒီပွဲမှာ ပညာရေး ရန်ပုံငွေရအောင်လို့
လေလံတင်ဖို့ ရည်ရွယ်ခဲ့တာပါ" ဟု ပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ
ဦးမိုးညွန့် ကပြော သည်။
အဆိုပါ
ပန်းချီပြပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည် ဖြစ်ပြီး
ပြပွဲကိုလာသူများအတွက် ပန်းချီ ကောက်ကြောင်း တစ်ခုကို ပြုလုပ်ထားမည်ဖြစ်ကာ
ယင်းတွင် ပြပွဲသို့လာသော ဧည့်ပရိသတ်များက လက်မှတ်များ
ရေးထိုးကြမည်ဖြစ်ကြောင်း၊ လက် မှတ်များ ပြည့်သွားပါက ဒေါ်အောင်ဆန်းစုကြည်၏
ပုံပေါ်လာမည်ဖြစ်ကြောင်း သိရသည်။
---
Photo by ပြည်ချစ်မေ (ရွှေလုံး).