Searching...

ယနေ့လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်/ကျဉ်းထဲမှ ကိုပြည့်ဖြိုးအောင်နှင့် ကိုသန်းဇော်တို့ပါဝင်ကြောင်း အတည်ပြု...

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးအနက် နိုင်ငံရေး ပြစ်မှုဖြင့် ကျခံနေရသူများအနက်မှ ကိုသန်းဇော် နှင့် ကိုပြည့်ဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်/ကျဉ်း ဟောင်းများ အဖွဲ့မှ ကိုသက်ဦးက YPI အတည်ပြုပြောကြားသည်။

ကိုသန်းဇော်မှာ ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် သန်လျင်ဗုံးဖေါက်ခွဲမှုဖြင့် ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်ထဲတွင် ၂၃ နှစ်တာကျခံနေရပြီး ယခုအခါ သရက်အကျဉ်းထောင်မှ လွှတ်မြောက်လာမည် ဖြစ်၍ ကိုပြည့်ဖြိုးအောင်မှာ Generation Wave နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရကာ ယခုလက်ရှိ ပြည်အကျဉ်းထောင်တွင် ကျခံနေရသူဖြစ်သည်။

လွတ်မြောက်သည့် အထဲတွင် အခြားမည်သည့် နိုင်ငံရေး အကျဉ်းသားပါဝင်ခြင်း ရှိမရှိကို စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။ ။
 
အပေါ်သို့!