Searching...

မြန်မာနိုင်ငံသတင်းစာဆရာအသင်း

ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးသွားမည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း
by Shwe Myitmakha Media Group on Monday, August 13, 2012 at 9:41pm ·
ရှုမဝအောင်(မြစ်မခ)

သြဂုတ်(၁၃)ရက်၊၂ဝ၁၂ခုနှစ်။


မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေဖြင့်သတင်းထောက်ကျင့်ဝတ်များအားသိရှိနားလည် စေရန်အတွက် သင်တန်းများပို့ချသွားမည်ဖြစ်သလိုသတင်းထောက်များအား ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များထံကသိရှိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကို ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပ၍သြဂုတ်(၁၁)ရက်နေ့က ယုဇနဂါးဒင်းဟိုတယ်တွင်ဗဟိုဦးစီးကော်မတီဝင်များအား မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ပြီး
ဖွဲ့စည်းအတည် ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညီလာခံတွင် ရွေးကောက်ပွဲကော်မရှင်များအဖြစ်ဆရာမောင်ကိုနီ၊ဦးမောင်မောင်အေး၊ ဦးမျိုးအောင်၊ဒေါ်နန်းကလျာနှင့်
ဦးမြင့်ထွန်းတို့က ဗဟိုဦးစီးအဖွဲ့ဝင်များ ထိုမှတဆင့် ဗဟိုအလုပ်အမှုဆောင်(၁၂)ဦးနှင့်အဖွဲ့ဝင်များအား အများပြည်သူ၏ ဆန္ဒမဲအား ရယူကာရွေးချယ်တင်မြောက် ပေးခဲ့ခြင်း ဖြစ်သည်။

မဲစနစ်ဖြင့် ရွေးချယ်ရာတွင် သတင်းအေဂျင်စီအတွက် ၃ဦး၊၊အွန်လိုင်းမီဒီယာအတွက် ၃ဦး၊ရုပ်သံ မီဒီယာအတွက်
၃ဦးနှင့်ပုံနှိပ်မီဒီယာ အတွက် ၃၂ ဦး စသည်ဖြင့်သတင်းမီဒီယာလေးမျိုးအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သတင်းအေဂျင်စီအနေနှင့် မြစ်မခမီဒီယာမှ ဒေါ်မေသင်္ကြန်ဟိန်(၉၆)မဲ၊ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်း(၉ဝ)မဲ၊ ဂျေဂျေသတင်းဋ္ဌာနကဦးအောင်သူမြိုင်က ရမှတ်(၆ဝ)မဲဖြင့်ရွေးချယ်ခံခဲ့ရသည်။

အွန်လိုင်းမီဒီယာအနေနှင့်ဖြင့် ဘလော့ဂါ ဦးနေဘုန်းလတ်(၉၈)မဲ၊ မဇ္ဈိမမီဒီယာက ဦးစိန်ဝင်း(၉၂)မဲ နှင့် မြစ်မခမှ ဦးအေးချမ်းဟိန်က (၅၇)မဲဖြင့်အသီးသီးရွေးချယ်ခံခဲ့ရသည်။

ရုပ်သံမီဒီယာအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူ(၃)ဦးသာရှိသည့်အတွက် ဖူဂျီသတင်း ဌာနမှ ဒေါ်အိအိတင်၊ နီပွန်ရုပ်သံမှ
ဒေါ်ဆင့်ဆင့်အောင်နှင့် ဗွီအိုအေမှ ဦးအောင်ရဲမောင်မောင်တို့အားရွေးချယ်ခဲ့သည်။

ပုံနှိပ်မီဒီယာအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်သူ (၃၂)အတွက်မောင်ဝံသ(၁ဝ၂)မဲ၊ဦးကိုကို (၁ဝဝ)မဲ၊ဦးသီဟစော(၉ဝ)မဲ၊
ဦးမြတ်ခိုင်(၈၇)မဲ၊ဦးဝင်းငြိမ်း(၈၇)မဲ၊ဦးကျော်စွာမင်း(၈၂)မဲ၊ဦးဖိုးနိုင်လင်း (၇၈)မဲ၊ဦးဇေယျာမြတ်ခိုင်
(၇၆)မဲ၊ဒေါက်တာဇော်သန်း(၇၄)မဲ၊ ဦးလှိုင်ဘွား(၇၂)မဲ၊ ဦးမျိုးမင်းထိုက်(၆၃)မဲ၊ ဒေါ်အိမ့်မှူးခင်(၆၃)မဲ၊ ဦးကြည်အောင်(၅၇)မဲ၊
ဒေါက်တာစိန်စိန်သိန်း (၅၇)မဲ၊ ဦးအောင်နိုင်(၅၇)မဲ၊ဦးဇော်လင်း(၅၆)မဲ၊ဒေါ်ချိုအိဇင်(၅၃)မဲ၊ ဦးထွန်းဝင်း(၄၇)မဲ၊
ဦးဘဦး(၄၇)မဲ၊ဦးရဲမင်းဦး(၄၄)မဲ၊ ဦးမျိုးမင်းဦး(၄၄)မဲ၊ဦးစိန်ရွှေ(၄၃)မဲ၊ဦးအောင်မြင့်(၄၃)မဲ၊ဦးခင်မောင်သိန်း(၄၃)မဲ၊ဦးဘသန်းတင်(၄၂)မဲ၊
ဦးဝင်းကြည်(၄ဝ)မဲ၊ဦးရန်နိုင်(၃၈)မဲ၊ ဦးမြင့်အောင်(၃၈)မဲ၊ဦးခင်မောင်ဝင်း(၃၇)မဲ၊ ဦးမိုးကျော်မြင့်(၃၇) မဲနှင့်
ဦးသက်အောင်ထွန်း(၃၅)မဲတို့ အသီးသီးဖြင့်ဗဟိုဦးစီးအဖွဲ့ဝင်များအနေဖြင့်ရွေးချယ်ခံခဲ့ရသည်။

အထက်ပါရွေးချယ်ခံကိုယ်စားလှယ်များနှင့်အတူတိုင်းဒေသကြီးနှင့်ပြည်နယ်များက ရွေးချယ်ခံ ဥက္ကဌများကလည်း
ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ကြောင်း သိရှိရသည်။

ဆက်လက်၍ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရွေးချယ်ခံကိုယ်စားလှယ်(၅ဝ)ဦးကမဲစနစ်ဖြင့်ရွေးချယ်ခံကြရာ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌအဖြစ် ဦးစိုးသိမ်း(ခ)မောင်ဝံသ ၊ဒု ဥက္ကဌ(၁)ဦးကိုကို(စက်မှု)(၅ဝမဲ) ၊ဒု ဥက္ကဌ( ၂) ဦးသီဟစော၊ ဒု
ဥက္ကဌ( ၃)ဦးဝင်းငြိမ်း၊အတွင်းရေးမှူး ဦးဖိုးနိုင်လင်း၊တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမျိုးမင်းထိုက်၊
တွဲဖက်အတွင်းရေးမှူး(၂)ဦးကျော်စွာမင်း၊တွဲဖက်အတွင်းရေးမှူး(၃)ဒေါ်မေသင်္ကြန်ဟိန်၊
စာရင်းစစ်-ဦးအောင်သူမြိုင၊်ဘဏ္ဍာရေးမှူး-ဒေါ်ဆင့်ဆင့်အောင်၊ပြန်ကြားရေး-ဦးမြတ်ခိုင်၊နိုင်ငံခြားဆက်ဆံရေး ဦးအောင်လှထွန်းနှင့်
ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် များအဖြစ်ဦးနေဘုန်းလတ်၊ဦးစောလင်းအောင်၊ဒေါက်တာဇော်သန်း၊ဦးရဲမင်းဦး၊
ဦးစိန်ဝင်း၊ ဦးဇေယျာမြတ်ခိုင်၊ဒေါ်အိအိမြတ်၊ ဦးအောင်ရဲမောင်မောင်နှင့်ဦးအေးချမ်းဟိန်တို့က ရွေးချယ်ခံခဲ့ရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအနေဖြင့် အစည်းအဝေးကျင်းပမှုနှင့်ပတ်သက်၍ဒုဥက္ကဌ(၂) အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဦးသီဟစောက ယခုကဲ့သို့ဆိုသည်။

မီဒီယာလောက်အတွင်းရှိ ဖြစ်ပျက်လာသည့်ပြဿနာအပေါ်မူတည်၍အသင်းအနေဖြင့်တတ်နိုင်သလောက်ဖြေရှင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတင်းစာဆရာများအတွက်ပညာပေးဆွေးနွေးပွဲနှင့် သင်တန်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံသတင်းစာဆရာ များအသင်း ဥက္ကဌ ဦးစိုးသိန်း(ခ)မောင်ဝံသက
အတည်ပြုပြောကြားခဲ့သည်။
 
အပေါ်သို့!