မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 30 Aug, 2012
ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က နှစ်ဘက်သဘောတူခဲ့ကြသည့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ၏ ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ်တွင်ဖွင့်လှစ် ရန် ပါတီခေါင်းဆောင်အချို့သြဂုတ်လ (၂၈)ရက်နေ့တွင် စစ်တွေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ပါတီဗဟိုကော်မတီဝင်ဖြစ်သူ ရခိုင်အမျိုးသမီးအစည်းအရုံး ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် (၇) ဦးပါအဖွဲ့သည် ဘင်္ဂလားဒေရှ်နိုင်ငံမှသြဂုတ်လ ၂၆ရက်နေ့မှစပြီး ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလ(၂၈)ရက်နေ့တွင် စစ်တွေမှ ရပ်မိရပ်ဖခေါင်းဆောင်များနှ င့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် (၂၈)ရက်နေ့တွင်စစ်တွေမြို့မှ ရန်ကုန်သို့ထွက်ခွာသွားပြီး အဆိုပါ ခရီးစဉ်တွင်နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
''ဒီခရီးစဉ်တစ်လျှောက်လုံးမှာဒီကိုလာရောက်နိုင်ရေးအတွက်အဖက်ဖက်ကကြိုးစားပေးကြတဲ့ပုဂ္ဂိုလ်တစ်ချို့ရှိပါတယ်။သူ တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမတောင်းဆိုထားတာကတော့ နိုင်ငံတော်သမ္မတနဲ့တွေ့ခွင့်ရဖို့ ကြိုးစားပေးကြပါလို့၊ နောက်သက်ဆိုင်ရာဝန်ကြီးတွေနဲ့ တွေ့ခွင့်ပေးဖို့အတွက် မေတ္တာရပ်ခံ ထားပါတယ်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းေ တွ့မယ်၊ ၈၈ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားတိုးတက်ရေးပါတီကခေါင်းဆောင်တွေ ၊ ရခိုင်ပြည်အမျိုးသားဒီမိုကေ ရစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့တွေ့ဖို့ စီစဉ်ထားပါတယ်'' ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
ပါတီ၏ဆက်ဆံရေးရုံးအား ရန်ကုန် နေပြည်တော်ခရီးစဉ်မှ အပြန် ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ဖွင့်လှစ်မည်ဟု ၄င်းကဆက်ပြောသည်။
၂၀၁၂ ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည်နယ်အစိုးရတို့ စစ်တွေမြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ်က နှစ်ဘက် အပြန်အလှန်ပြောဆို ဆက်ဆံရန်အတွက် ကျောက်တော်နှင့် ပလက်ဝမြို့နယ်တို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရန်သေ ဘာတူခဲ့ကြသည်။
မြန်မာနိုင်ငံရှိ နေရာ(၆)နေရာတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီက သိရသည်။
ပါတီ၏ ဆက်ဆံရေးရုံးများကို ပလက်ဝ၊ကျောက်တော်၊စစ်တွေ ၊ တောင်ကုတ်၊ မောင်တော၊ ရန်ကုန် စသည့်မြို့များတွင် ဖွင့်လှစ်မည်ဟု သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိန္ဒိယနိုင်ငံနယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် ရခိုင်လက်နက်ကိုင်ပါတီတစ်ခု ဖြစ်ရာ ၂၀၁၂ ဧပြီလ ၅ရက်နေ့တွင်စစ်တွေမြို့တွင် ပြည်နယ်အဆင့်ငြိမ်းချမ်းဆွေးနွေးခဲ့ပြီး ဖြစ်သည်
အဆိုပါ ရခိုင်ပြည်လွတ်မြောက်ရေးပါတ
၎င်းတို့သည် (၂၈)ရက်နေ့တွင်စစ်တွေမြို့မ
''ဒီခရီးစဉ်တစ်လျှောက်လုံးမ
ပါတီ၏ဆက်ဆံရေးရုံးအား ရန်ကုန် နေပြည်တော်ခရီးစဉ်မှ အပြန် ရခိုင်ပြည်နယ်၊ကျောက်တော်မြ
၂၀၁၂ ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတ
မြန်မာနိုင်ငံရှိ နေရာ(၆)နေရာတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတ
ပါတီ၏ ဆက်ဆံရေးရုံးများကို ပလက်ဝ၊ကျောက်တော်၊စစ်တွေ ၊ တောင်ကုတ်၊ မောင်တော၊ ရန်ကုန် စသည့်မြို့များတွင် ဖွင့်လှစ်မည်ဟု သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတ