မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup on 30 Aug, 2012
ရန်ကုန်ကားဈေးကွက်အတွင်း စလစ်ဈေး (၅)သိန်းဝန်းကျင်ပြန်လည်မြင့်တက်ခဲ့ပြီး ဗ နှင့် ဘ နံပါတ်တွေ ထွက်သွားပါက စလစ်ဈေးကပုံမှန်ပြန်ဖြစ်သွားနိုင်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကသိရှိရသည်။
ယခင်က စလစ်ဈေးသည် သိန်း (၇ဝ) ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ (၇၅)သိန်းမှ (၇၆) သိန်းအကြား ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်းနှင့်ကားပွဲစားတန်းအတွင်းထက် ကားအရောင်းစင်တာများတွင် ပိုမိုရောင်းရလေ့ရှိကြောင်း ကိုလည်း သိရှိရသည်။
''အခုလတ်တလောတော့ စလစ်ဈေးတွေက ကျပ် ၇ဝ သိန်းဝန်းကျင်၊ CNG စလစ်တွေကတော့ကျပ်သိန်း ၈ဝ လောက်အထိ တောင်ရှိတယ်။ဒါပေမဲ့ အခုရက်ပိုင်းတော့စလစ်တွေတော င် သိပ်အရောင်းမလိုက်တော့ဘူး ''ဟု ဟံသာဝတီ ကားပွဲစားတန်းမှအကျိုးဆောင် ဦးသိန်းထွန်းကပြောသည်။
စလစ်ဈေးသည် တစ်ပတ်အတွင်းတွင်ပင် အပြောင်းအလဲများစွားရှိကြော င်းနှင့်လွန်ခဲ့သည့်
၃၊၄ ရက်အတွင်းက စလစ်ဈေးများမှာ သိန်း ၈ဝ၊ ၇ဝ မှ သိန်း ၆ဝလောက်အထိ
ဈေးပြန်ကျသွားခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် ၇၅ သိန်းမှ ၇၆သိန်းလောက်အထိ
ပြန်လည်မြင့်တက်လာခြင်းဖြစ် သည်။
''အခုရက်ပိုင်းတော့ စလစ်ဈေးက ပြန်တက်လာတယ်။ ၅ သိန်း ဝန်းကျင်လောက်ပြန်တက်လာတယ်။ စလစ်ဈေးတွေကတော့ပြန်တက် လာပေမဲ့ ဝယ်သူလည်း သိပ်မရှိဘူး။ကားအရောင်းအဝယ် ကလည်း ပုံမှန်ပဲလေ။ ဒါပေမဲ့ ဗ နဲ့ ဘ နံပါတ်တွေထွက်သွားရင်တော့ စလစ်ဈေးက ပုံမှန်ပြန်ဖြစ်သွားနိုင်တယ် '' ဟု ဟံသာဝတီ ကားပွဲစားတန်းမှ ကိုထွန်းက ပြောကြားသည်။
နယ်ဈေးကွက်တွင် စလစ်ဈေးကွက်မှာ ကျပ်သိန်း(၇ဝ)ဝန်းကျင်သာရှိ ကြောင်းကိုလည်း သိရသည်။
''နယ်မှာတော့ ၇ဝ သိန်း ဝန်းကျင်ပဲ ရှိတယ်။ အခုတော့ ရန်ကုန်ကအဝယ်ပိုများတယ်။ နယ်ကအများစုကတော့ ကားပွဲစားတန်းမှာပဲ သွားကြည့်ကြတာများတယ်လေ။ စလစ်ဈေးတွေက ဗ တွေ အပ်ပြီးသွားရင်တော့ စလစ်ဈေးက ဈေးအရောင်းအဝယ် ပုံမှန်လောက် ပဲ ပြန်ဖြစ်သွား လောက်တယ်'' ဟုကားအရောင်းစင်တာတစ်ခုမှ ကိုအောင်မျိုးဝင်းက ပြောသည်။
ထို့ကြောင့် စလစ်ဈေးသည် ယခုရက်ပိုင်းတွင် အပြောင်းအလဲအနည်းငယ်ရှိသော် လည်း အရောင်းအဝယ်သည် သာမန်အနေအထားတွင်သာ ရှိနေခြင်းဖြစ်သည်။
ယခုအချိန်၌ မြန်မာနိုင်ငံအတွင်းသို့ အထူးပါမစ်ဖြင့်တင်သွင်းလာသော ကားအရေအတွက်မှာ(၈၈၆၆)စီးနှင့် ၂ဝ၁၁ခုနှစ် မှစ၍သြဂုတ်လဆန်းပိုင်းထိမြန်မာနိုင်ငံအတွင်းသို့ ဝင်လာသောကားအရေအတွက်မှာအစီး ရေ (၆၅ဝဝဝ)ကျော်ရှိနေပြီဖြစ်သည်။
ယခင်က စလစ်ဈေးသည် သိန်း (၇ဝ) ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ (၇၅)သိန်းမှ (၇၆) သိန်းအကြား ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်းနှင့်ကားပွ
''အခုလတ်တလောတော့ စလစ်ဈေးတွေက ကျပ် ၇ဝ သိန်းဝန်းကျင်၊ CNG စလစ်တွေကတော့ကျပ်သိန်း ၈ဝ လောက်အထိ တောင်ရှိတယ်။ဒါပေမဲ့ အခုရက်ပိုင်းတော့စလစ်တွေတော
စလစ်ဈေးသည် တစ်ပတ်အတွင်းတွင်ပင် အပြောင်းအလဲများစွားရှိကြော
''အခုရက်ပိုင်းတော့ စလစ်ဈေးက ပြန်တက်လာတယ်။ ၅ သိန်း ဝန်းကျင်လောက်ပြန်တက်လာတယ်။
နယ်ဈေးကွက်တွင် စလစ်ဈေးကွက်မှာ ကျပ်သိန်း(၇ဝ)ဝန်းကျင်သာရှိ
''နယ်မှာတော့ ၇ဝ သိန်း ဝန်းကျင်ပဲ ရှိတယ်။ အခုတော့ ရန်ကုန်ကအဝယ်ပိုများတယ်။ နယ်ကအများစုကတော့ ကားပွဲစားတန်းမှာပဲ သွားကြည့်ကြတာများတယ်လေ။ စလစ်ဈေးတွေက ဗ တွေ အပ်ပြီးသွားရင်တော့ စလစ်ဈေးက ဈေးအရောင်းအဝယ် ပုံမှန်လောက် ပဲ ပြန်ဖြစ်သွား လောက်တယ်'' ဟုကားအရောင်းစင်တာတစ်ခုမှ ကိုအောင်မျိုးဝင်းက ပြောသည်။
ထို့ကြောင့် စလစ်ဈေးသည် ယခုရက်ပိုင်းတွင် အပြောင်းအလဲအနည်းငယ်ရှိသော်
ယခုအချိန်၌ မြန်မာနိုင်ငံအတွင်းသို့ အထူးပါမစ်ဖြင့်တင်သွင်းလာသေ