ရှုမဝအောင်(မြစ်မခ)
အာရှနှင့်ဥရောပနိုင်ငံများက
မြန်မာနိုင်ငံရေကြောင်းပညာတ က္ကသိုလ်အနေဖြင့်
အာရှအင်အားကြီး နိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယားနှင့်အိန္ဒိယ၊
ဥရောပနိုင်ငံဖြစ် သည့် နော်ဝေနိုင်ငံတို့နှင့် နည်းပညာဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
“ အခုလာမယ့်နိုင်ငံတွေကတော့ဆရာတွေနဲ့ရောပစ္စည်းနဲ့ရောလာချ င်တာပေါ့ ဒါပေမယ့်ဘယ်လိုပူးပေါင်းပြီး
ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းကတော့ ဆရာတို့စဉ်းစားနေတာပေါ့
အကုန်ပေးလိုက်ပြန် ရင်လည်း သူတို့ ကျောင်းဖြစ်သွားမှာပေါ့” ဟု ပါမောက္ခချုပ်
ဒေါက်တာ ချာလီသန်းကပြောသည်။
ဂျပန်နိုင်ငံမှလည်း မိမိတို့ကျောင်းသားသို့ လာရောက်လေ့လာပြီး နည်းပညာ ကူညီပေးရန် ဆွေးနွေးမှုများရှိနေကြောင်း ယခုအချိန် တွင် စောင့်ကြည့်နေခြင်းဖြစ်ကြော င်း ၄င်းက ဆက်ရှင်းပြသည်။
“ အိန္ဒိယကနေ ဆော့ဝဲတွေ လာလုပ်ပေးတဲ့အခါကြတော့ ဒီက ကျောင်းသားတွေ ဈေးသက်သက်နဲ့ နည်းပညာရနိုင်တာပေါ့” ဟု ပါမောက္ခချုပ် ဒေါက်တာချာလီသန်းကပြောသည်။
ကျောင်း၏ ကုန်ကျစရိတ်အတွက် ယခင်ကသင်တန်းများပူးပေါင်း ဖွင့်လှစ်၍ ရရှိလာသောငွေကြေးများအား ခွဲဝေအသုံးပြုရန် စဉ်းစား ထားသော်လည်း နည်းလမ်းမှန်ကန်မှုရှိအောင် ပြန်လည်စီစစ်နေ ကြောင်း ယခုအချိန်တွင် မိမိတို့နှင့် ပူးပေါင်းလိုသော နိုင်ငံများ စွာရှိကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။
ကိုရီးယားနိုင်ငံအနေဖြင့် ၄င်းတို့သင်္ဘောလိုင်းများတွင် အရာရှိ အဖြစ် တာဝန်ရန် မိမိတို့ကျောင်းမှ ကျောင်းသားများအား ကမ်း လှမ်းထားကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
“ ကျွန်တော်တို့ကတော့ ဒီနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင်တွေမှာ အမြန်ဆုံး အလုပ်ပြန်ဝင်စေချင်ပါတယ်”ဟု ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။
မြန်မာနိုင်ငံရေကြောင်းပညာတ က္ကသိုလ်အနေဖြင့် လက်ရှိအချိန်တွင် နုနယ်ဆဲအဆင့်သာရှိသေးသည့်အတွက် နော်ဝေးနိုင်ငံနှင့် ဂျပန် နိုင်ငံများ ဝင်ရောက်လာပါက မြန်မာနိုင်ငံမှ ကျောင်းသားများ အတွက် နည်းပညာအကျိုးအမြတ်ရရှိလာနိုင်မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။
ထိုကဲ့သို့ပြည်ပအင်အားကြီးနိုင်ငံများနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း ကြောင့် မြန်မာ့သင်္ဘောတည်ဆောက်မှု အပိုင်းတွင်လည်း
တိုးတက် လာနိုင်ကြောင်း ရေကြောင်းစက်မှု စတုတ္ထနှစ်ကျောင်း သား
ကိုကျော်ဇံဦးကပြောသည်။
“ နော်ဝေးဆိုတာက ဥရောပမှာရှိတဲ့ ပညာရှင်နိုင်ငံဆိုတော့ သူတို့ဆီ မှာပြုလုပ်ထားတဲ့သုတေသန ကျွန်တော်တို့ တက္ကသိုလ်မှာ လာလုပ် ပေးနိုင်တယ်ဆို ကျွန်တော်တို့အတွက်လည်း အကျိုးရှိတယ် သူတို့ အတွက်လည်း ငွေကြေးအကုန်အကျ သက်သာတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကိုကျော်ဇံဦးက ပြောသည်။
“ အခုလာမယ့်နိုင်ငံတွေကတော့ဆရ
ဂျပန်နိုင်ငံမှလည်း မိမိတို့ကျောင်းသားသို့ လာရောက်လေ့လာပြီး နည်းပညာ ကူညီပေးရန် ဆွေးနွေးမှုများရှိနေကြောင်
“ အိန္ဒိယကနေ ဆော့ဝဲတွေ လာလုပ်ပေးတဲ့အခါကြတော့ ဒီက ကျောင်းသားတွေ ဈေးသက်သက်နဲ့ နည်းပညာရနိုင်တာပေါ့” ဟု ပါမောက္ခချုပ် ဒေါက်တာချာလီသန်းကပြောသည်။
ကျောင်း၏ ကုန်ကျစရိတ်အတွက် ယခင်ကသင်တန်းများပူးပေါင်း ဖွင့်လှစ်၍ ရရှိလာသောငွေကြေးများအား ခွဲဝေအသုံးပြုရန် စဉ်းစား ထားသော်လည်း နည်းလမ်းမှန်ကန်မှုရှိအောင် ပြန်လည်စီစစ်နေ ကြောင်း ယခုအချိန်တွင် မိမိတို့နှင့် ပူးပေါင်းလိုသော နိုင်ငံများ စွာရှိကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။
ကိုရီးယားနိုင်ငံအနေဖြင့် ၄င်းတို့သင်္ဘောလိုင်းများတွင
“ ကျွန်တော်တို့ကတော့ ဒီနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင်တွေမှာ အမြန်ဆုံး အလုပ်ပြန်ဝင်စေချင်ပါတယ်”ဟု
မြန်မာနိုင်ငံရေကြောင်းပညာတ
ထိုကဲ့သို့ပြည်ပအင်အားကြီးန