အငြင်းပွားကျွန်းပေါ်သို့ တက်ရောက်လာကြသည့် တရုတ်လိုလား သည့် တက်ကြွလှုပ်ရှားသူများ။
ဓာတ်ပုံ - အေအက်ဖ်ပီ
ပိုင်နက်နယ်မြေ အငြင်းပွားမှုဖြစ်ပွား နေသော အများအာရုံစိုက်ရာ ကျွန်း တစ်ကျွန်းပေါ်တွင် တရုတ်ထောက်ခံ သော တက်ကြွလှုပ်ရှားသူ များ တက်ရောက်လာကြရာ ၎င်း ၁၄ ဦးကို ဂျပန်နိုင်ငံက ဖမ်းဆီးခဲ့ သည်။
ကမ်းခြေကို ရောက်ရှိခဲ့ပြီဖြစ်သည့် အဖွဲ့က တရုတ်အလံကို လွှင့်ထူရန် ရည်ရွယ်ချက်ဖြင့် ဂျပန်အခေါ် ဆန် ကာကူ၊ တရုတ်အခေါ် ဒီအာအိုယူ အမည်ရှိ ကျွန်းစုကို ဟောင်ကောင် ကျွန်းမှနေ၍ ဩဂုတ်လ ၁၂ ရက် တွင် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ဂျပန် နိုင်ငံသည် ၎င်းဖြစ်စဉ်အား ဥပဒေ နှင့် အညီ တိကျစွာ ကိုင်တွယ်ဖြေရှင်းမည် ဟု သတင်းထောက်များကို ပြောကြား ခဲ့သည်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး
၎င်းတို့သည် ကျောက် ဆောင်ထူထပ်သော ကမ်းခြေသို့ ညနေ ၅ နာရီ ခွဲတွင် ရောက်ခဲ့သည်ဟု ဒေသ ဆိုင်ရာရဲနှင့် ကမ်းခြေစောင့်အရာရှိ များကပြောသည်။
လှုပ်ရှားတက်ကြွသူ နှစ်ဦးနှင့် ၎င်းတို့ သင်္ဘောပေါ်သို့ ပြန်လာခဲ့သည်ဟုဆိုသည့် အိုကီနာဝါ စီရင်စုရဲက ကျွန်းစုများမှ ကျွန်းတစ်ကျွန်း ကို ရည်ညွှန်း၍ အူအော့ဆူရီဂျီမားပေါ်ရှိ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ချိုးဖောက် သည့်အတွက် လူငါးဦးကို ဖမ်းခဲ့သည်ဟု ရဲပြော ရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ ကိုပြောသည်။
နိုင်ငံတွင်း တရားမ၀င်ဝင်ရောက် သည်ဟု သံသယဖြစ်သော လူကိုးဦး ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဂျပန် ကမ်းခြေစောင့် ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ ယခုအခါ လူ ၁၄ ဦးကို ဖမ်းဆီးလိုက်ပြီး အပြည့်အစုံ စုံစမ်းစစ်ဆေးမှာပါ"ဟု ၎င်းကဆက်ပြောသည်။ ဖမ်းဆီးခံရသူ အားလုံးကို စုံစမ်းစစ်ဆေးရန် အိုကီနာဝါကျွန်းဆီ သို့ ပို့ဆောင်မည်ဟု သတင်းများက ဆိုသည်။
(အေအက်ဖ်ပီ)