Searching...

မီးလောင်မှုဖြစ်သွားခဲ့

မကွေးတိုင်းဒေသကြီး ချောက်မြို့ စလေတိုက်နယ်၊ စလေမြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသော စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်စက်ရုံသည်သြဂုတ်လ၂ရက်နေ့ မွန်းလွဲ ၁၂နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်သွားခဲ့ကြောင်း သိရသည်။


မီးလောင်ရာသို့ စလေ၊ ချောက်၊ မကွေး၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသည့်အနီးဝန်းကျင် ဒေသများမှ မီးသတ်ကားများ၊ ရေသည်ယာဉ်များ သွားရောက်ငြှိမ်းသ

တ်ခဲ့ပြီး ညနေ ၆ နာရီအချိန်မှ မီးညွန့်ကျိုးခဲ့ကြောင်း သတင်းရရှိပါသည်။


''ပထမဆုံး ပေါက်ကွဲသံကြားရတယ်။ ကြွေသီး စက်ရုံကထင်နေတာ မီးခိုးတွေက မည်းပြီး တက်လာတယ်။ သုံးမိုင်ဝန်းကျင် ဘယ်သူမှ မကပ်နဲ့ဆိုလို့ မသွားဝံ့ကြဘူး။ ချောက်နဲ့က ကိုးမိုင်လောက်ဝေးတယ်။ စလင်းနဲ့က ခြောက်မိုင်ဝေးတယ်'' ဟု ဒေသခံတစ်ဦးက ပြောပါသည်။

နောက်ထပ်ပေါက်ကွဲသံများကိုလည်း လေးငါးကြိမ်ထက်မနည်းကြားရကြောင်း မီးလောင်သည့် အဆောက်အအုံမှာ စက်ရုံဧ။် main unit အအဆောက်အအုံဖြစ်ပြီး၊ ကွန်ပျူတာများဖြင့် ထိန်းချုပ်ပါသောစနစ်ဖြင့် စက်ရုံလည်ပတ်ကြောင်း သိရသည်။


''ပေါက်ကွဲသံကိုကြားလိုက်ရပြီး အသံကြားတဲ့ဘက်ကို ကြည့်တော့ မီးခိုးလုံးတွေ တက်လာတာမြင်ရပါတယ်၊ စလေနားမှာဖြစ်တယ် ထင်ခဲ့ပေမယ့် ပြီးမှ H2O2 စက်ရုံလို့ သိရတာပါ။ မီးသတ်ကားနဲ့ ရေသယ်ကားတွေတော့ သွားနေတာမြင်ရပါတယ်''ဟု ချောက်မြို့တစ်ဦးက ပြောကြားသည်။


''အနီးဝန်းကျင်မှ ပေါက်ကွဲသံများ ဆက်တိုင်ကြားရတယ်၊ ဓာတ်ငွေ့စက်ရုံပေါက်တာဆိုတော့ မြို့ခံတွေက လန့်ပြီး mask တွေတတ်ပြီး နေကြတယ်။ နောက်မှ အန္တရာယ်မရှိဘူးဆိုလို့ စိတ်အေးသွားကြတယ်''ဟု ချောက်မြို့မှ မြို့ခံတစ်ဦးကပြောပါသည်။

ဓာတ်ငွေ့ မီးလောင်ပေါက်ကွဲမှုဖြစ်သည့်အတွက် မီးသတ်သမားများအနေဖြင့် သတိကြီးစွာဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း၊ ရေကို ဓာတ်ငွေ့သိုလှောင်ကန်များ မပေါက်ပွဲရန်သာ ပက်ဖျန်းရကြောင်း သိရသည်။
 
အပေါ်သို့!