အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံ အလုပ်သမားဆန္ဒပြ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ် လမ်းပေါ်မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၀) ဦးကို ပြန်ခန့်ပေးဖို့ အမျိုးသမီး အလုပ်သမား ၁၀၀ ကျော်လောက် မနေ့ညက စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။အလုပ်ရှင်၊
"စက်ရုံတွင်း ဆန္ဒထုတ်ဖော်တဲ့ ဒီ အလုပ်သမားထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါကျတော့ သူဋ္ဌေးကနေပြီးတော့ သူအလုပ်ထုတ်ထားတဲ့ အလုပ်သမား ၁၀ ဦးကို စက်ရုံတွင်း ပြန်မခန့်နိုင်ဘူး။ သူဋ္ဌေးက ကြွေးကြော်လိုက်တယ်"
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလို့ဆိုပြီး ကိုဇော်မြတ်သူ၊ ကိုသက်နှင်းအောင်၊ ကိုမျိုးဇော်သူ၊ ကိုသန်းထွန်းလင်း၊ ကိုမျိုးကိုကိုတို့ အပါအ၀င် အလုပ်သမား (၁၀)ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက် နေ့က အလုပ်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။အလုပ်သမားအဖွဲ့ ဖွဲ့စည်းလို့ အလုပ်ထုတ်လိုက်သူတွေ ပြန်ခန့်ပေးဖို့၊ ဖိနှိပ်ချုပ်ချယ်ခြင်း မလုပ်ဖို့၊ ယခင်ဆန္ဒပြစဉ်က သဘောတူထားတာတွေ လိုက်နာပေးဖို့နဲ့ ရက်မှန်ကြေး ကျပ် ၅၀၀၀ ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြခွင့် ပိတ်ပင်သူတို့ကို လယ်သမားများက တရားစွဲရန် ပြင်ဆင်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ လယ်သမားများက အသိမ်းခံခဲ့ရသည့် ၎င်းတို့၏ လယ်မြေ များ ပြန်လည်ရယူလိုကြောင်း ဆန္ဒပြခွင့် တောင်းဆိုမှုအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အကြိမ်ကြိမ်
ငြင်းပယ်ခဲ့၍ ၎င်းတာဝန်ရှိသူများအား ဥပဒေကြောင်းအရ တရားစွဲဆိုရန် လယ်သမားများက ပြင်ဆင်လျက်ရှိသည်ဟု လယ်သမားများ၏ ဥပဒေရေးရာ အတိုင်ပင်ခံ ကိုဖိုးဖြူ က ပြောသည်။
“ဥပဒေနဲ့အညီ ဆန္ဒပြခွင့်တွေ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူး။ ဒါက တာဝန်ပျက်ကွက်တာ ဖြစ်တယ်။ ဒါကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တရားစွဲဆိုဖို့ ဥပဒေကြောင်း အရ ပြင်ဆင်နေတယ်” ဟု ပြောသည်။
အစိုးရ ဝန်ထမ်းများကို တရားစွဲဆိုမည်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်နေသေးသည် ဟုလည်း ကိုဖိုးဖြူ က ပြောသည်။၁၉၉၃ ခုနှစ်က လပွတ္တာမြို့နယ် အာဏာပိုင် မဝတ မှ ညောင်လိန် ကျေးရွာအုပ်စုအတွင်းရှိ သဲဖြူကျေးရွာမှ လယ်မြေ ဧက ၅၆၀ ကို သိမ်းယူသွားခြင်းဖြစ်သည်ဟု လယ်သိမ်းခံ လယ်သမားများက ပြောသည်။ထိုသို့ အသိမ်းခံ လယ်မြေများ ပြန်လည်ရယူလိုကြောင်း ဆန္ဒထုတ်ဖေါ်ခွင့်ရရန် လယ်သမားများက ယခုနှစ် မေလ၊ ဇွန်လ၊ ဇူလိုင်လများအတွင်း မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ထံ တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့၍ ၎င်းတို့ကို တရားစွဲဆိုရန် ပြင်ဆင်ကြခြင်း ဖြစ်သည်။လယ်သိမ်းခံရခြင်ြးေ
“ကျနော့် ရှိသမျှလယ် ၄၅ ဧကလုံး အသိမ်းခံလိုက်ရတဲ့အတွက် လယ်ပိုင်ယာပိုင် ဘဝကနေ လက်လုပ်လက်စား အဖြစ်နဲ့ သူများအိမ်မှာ အလုပ်လုပ်နေရတယ်။ ပြီးတော့ လယ်ယာမြေ စတင်အသိမ်းခံရတဲ့နှစ်က ငွေကြေး အခက်ခဲဖြစ်ပြီး ဆယ်တန်းတက်နေတဲ့ ကျနော့်သမီးကို ပညာတပိုင်းတစနဲ့ ကျောင်းထုတ်လိုက်ရတယ်” ဟု ပြောပြသည်။
ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
လွှတ်တော်၏ အဆုံးအဖြတ် ခံယူသည့်အခါ ထောက်ခံမဲ ၄၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၆ မဲ၊ ကြားနေ ၂၄ မဲဖြင့် ၎င်းအဆိုကို အတည်ပြုလိုက်သည်။လယ်ယာမြေမျ
ခြင်း၊ ကုမ္ပဏီများမှ စက်ရုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဆည်မြောင်းတာတမံများ ဆောက်လုပ်ခြင်းကြောင့် ဖြစ်သည်ဟု ကိုယ်စားလှယ်များက လွှတ်တော်အတွင်း ဆွေးနွေးခဲ့ကြသည်။
လယ်ယာမြေ သိမ်းဆည်းခံရခြင်းများနှင့်
လယ်ယာမြေ သိမ်းဆည်းခံရခြင်းများနှင့်
ထုတ်ပြန်ချက်တွင် လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဆိုသည်ကို မိမိတို့မှ လက်ခံကြိုဆိုပါကြောင်း၊ စုံစမ်းရေးကော်မရှင်အနေဖြင့
ထို့အပြင် ဥပဒေပြုလွှတ်တော်၏ လုပ်ငန်းဆောင်တာများ ပီပြင်ထက် မြက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကူညီရန် တာဝန်ရှိသည့်အလျှောက် ယင်းကော်မရှင်၏ တာဝန်ဝတ္တရားနှင့် စွမ်းဆောင်မှုများကို မပြတ်စောင့်ကြည့်၍ သဘောထား ထုတ်ပြန်ရန်၊ အစီရင်ခံရန်၊ တိုက်တွန်း အဆိုပြုရန်နှင့် လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စုံစမ်းရေးကော်မရှင်အား စောင့်ကြည့်လေ့လာ သုံးသပ်မည့်အဖွဲ့ကို ဖွဲ့စည်းကာ ကော်မရှင်၏ ဆောင်ရွက်မှုများ ပိုမိုထိ ရောက်အားကောင်းလာစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ြေ
ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ (တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဌာန)မှ ဦးထွန်းမြင့်အောင်၊ ဦးဝင်းချို၊ ဦးဟန်ရှင်ဝင်း၊ ဦးနေမျိုးဝေ(မတူကွဲပြားခြင်