Searching...

ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်တဲ့ ၄ ရက်ကြာ သင်တန်းကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လေ့လာရေး အဖွဲ့တဖွဲ့ ဒီကနေ့ ပိုလန်နိုင်ငံကို ထွက်ခွာ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းမှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်တဲ့ ၄ ရက်ကြာ သင်တန်းကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လေ့လာရေး အဖွဲ့တဖွဲ့ ဒီကနေ့ ပိုလန်နိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။



ဒီလေ့လာရေးအဖွဲ့မှာ ဂီတနယ်ပယ်က အဆိုတော် အနဂ္ဂနဲ့ သံသာဝင်း၊
နိုင်ငံရေး ပါတီတွေနဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေ၊ စာနယ်ဇင်း
သမားတွေ လိုက်ပါ သွားကြပါတယ်။

ပိုလန်နိုင်ငံ အခြေစိုက် (National School of Public Adminstration-
KSAP) အဖွဲ့က ဖွင့်လှစ်တဲ့ ဒီသင်တန်းကို စက်တင်ဘာ ၃ ရက်ကနေ ၇ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီလေ့လာရေး အဖွဲ့မှာ ပါဝင်တဲ့ NLD အဖွဲ့ဝင် ၂၅ ယောက်နဲ့ စာနယ်ဇင်း
သမား တချို့ကို NLD ပါတီက ရွေးချယ်ပြီး ကျန်တဲ့ ပါတီတွေနဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်၂၅ ယောက်ကို မင်္ဂလာမြန်မာနဲ့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
 
အပေါ်သို့!