Searching...

ရေဘေးသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးစခန်းကို မနေ့က သွားရောက်ခဲ့ပြီး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် စက်ဒေါင့်ကြီး ကျေးရွာ မြဗိမာန်ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးစခန်းကို မနေ့က သွားရောက်ခဲ့ပြီး ဆန်၊ အ၀တ်အထည်တွေနဲ့ ဆေးဝါးမျိုးစုံကို
ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကိုဂျင်မီ၊ ကိုအံဘွယ်ကျော်၊ စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီး၊ တို့ဦးဆောင်တဲ့အဖွဲ့က သူတို့ရဲ့ အကူအညီတွေကို ရေဘေးသင့်ဒုက္ခသည် ၅၀

ဝ ကျော်တက်ရောက်ကြတဲ့ အခမ်းအနားမှာ ပေးအပ်ခဲ့တာပါ။

ရေဘေးဒဏ်ခံခဲ့ရတဲ့ သာပေါင်းမြို့နယ် စက်ဒေါင့်ကြီး တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်း၊ လက်ပံကွင်းကျေးရွာမူလတန်းကျောင်းနဲ့
ညောင်ကုန်းကျေးရွာ မူလတန်ုး ကျောင်းတွေကို ငွေလှူတန်းခဲ့တဲ့အပြင် သာပေါင်းမြို့နယ်ရေဘေးသင့် ကျေးရွာတွေဖြစ်တဲ့ ကျားကျွန်းကျေးရွာ၊ ကျီးပင်ကျေးရွာ တို့ကိုလည်းသွားရောက်ခဲ့ပြီး ဆန်နဲ့ငွေကြေး လှူဒါန်းခဲ့ပါတယ်။

မနေ့က ၈၈ ခေါင်းဆောင်တွေရဲ့ ခရီးစဉ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ နဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က
လည်း ကူညီပံ့ပိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။
 
အပေါ်သို့!