Searching...

ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟုဒေါက်တာနိုင်အောင်ဆို


သြဂုတ်လ ၃၀ ရက် ၂၀၁၂ ကြာသပတေးနေ့/သတင်း-The Voice Weekly

၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။

ဒေါက်တာနိုင်အောင်နှင့် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။

( ဓါတ်ပုံ - ဒေါက်တာနိုင်အောင် )
The Voice Weekly
 
အပေါ်သို့!