အာရကန်ကိုကို- မောင်တော(မြစ်မခ)
by Myit Makha Mediagroup on 30 Aug, 2012
မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ကုန်စည် လည်ပတ်စီးဆင်းမှုတွင် အဓိကအရေးပါသော
ဘူးသီးတောင်-မောင်တော မယူတောင်ကြားလမ်းရှိ ဥမင်လှိုင်ခေါင်းကြီးအား
အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်နေပြီဖြစ်ကြောင်း ယာဉ်မောင်းများထံက
သိရသည်။
နှစ်ကာလသက်တမ်းကြာမြင့်လာသည်နှင့် လှိုင်ခေါင်း ခေါင်မိုးနံရံများ နိမ့်ကျလာခြင်း၊ မြေသားနံရံများကွာကျလာခြင်း နှင့်
ရေစိမ့်ကျမှုများရှိလာရာ ရေရှည်အနာဂါတ်ကာလ များတွင် ဆက်လက်အသုံးပြု
သွားလာနိုင်ရန်အတွက် အကြီးစားပြုပြင် မွမ်းမံရန် လိုအပ်နေခြင်းဖြစ်သည်ဟု
ဒေသခံတို့က ဆိုသည်။
အဆိုပါ လှိုင်ခေါင်းမှာ(၆၅၈)ပေရှည် လျားပြီး၊
ပြိတိသျှအစိုးရ လက်ထက် (၁၈၈၁)ခုနှစ် က မီးရထားပြေးရန်အတွက် ဗြိတိသျှ
မာတင်ကုမ္ပဏီက တာဝန်ယူဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း
လမ်းသမိုင်းမှတ်တမ်းများအရ သိရသည်။
တည်ဆောက်ခဲ့သော ဗြိတိသျှကုမ္ပဏီအနေဖြင့် အဆိုပါလမ်းအား နှစ်ပေါင်း (၉၀) ကျော်အထိသာ အသုံးပြုသွား လာနိုင် မည်ဖြစ်ကြောင်း ၊သတ်မှတ်သက်တမ်း ကျော်လွန်လျင် လမ်းလှိုင်ခေါင်း ခေါင်မိုးပြိုကျမှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အတွက် အကြီးအစားပြုပြင်ရန် လိုအပ်မည်ဖြစ်ကြောင်း လမ်းသမိုင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါလှိုင်ခေါင်းမှာ ယခုအချိန်တွင် နှစ်ပေါင်းသက်တမ်း(၁၃၀)ထိရှိလာပြီ ဖြစ်ရာ (၂၀၀၂) ခုနှစ်အတွင်းက မောင်တောခရိုင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဘူးသီးတောင်၊ မောင်တောပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများ ပူးပေါင်းပြီး ခေါင်မိုးလုံးပတ်လည်အတွင်းပိုင်းများအား သံယက်မများရံ၍ အကြီးစားပြုပြင်မှု တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။
“ ခေါင်မိုးက လွန်ခဲ့တဲ့(၁၅)နှစ်မတိုင်မီ ကထက် အခုနှစ်တွေမှာနိမ့်ကျလာမှု ဖြစ်ပေါ်လာတာကို သတိပြုမိပါတယ်။ အဲဒီနှစ်တွေ မတိုင်မီက ကားခေါင်မိုးပေါ်မှာခရီးသည်များ တက်ထိုင် သွားလို့ရတယ်။ အခုနှစ်တွေမှာတော့အဲဒီလိုသွားလို့ အဆင်မပြေဘူး။ ခေါင်မိုးကခရီးသည်တွေက ပြားပြားဝပ်ပြီး သွားလာနေရပါတယ်’’ ဟုအဆိုပါလမ်းရှိနှစ်ပေါင်း( ၂၀)ကျော်အကြာ ယာဉ်မောင်းလာခဲ့သူ ၀ါရင့်ယာဉ်မောင်း မောင်တောမြို့ခံဦးကျော်အေးက ပြောသည်။
ထိုကဲ့သို့အခြေအနေများဖြစ်ေ ပ်ါလာခြင်းများကြောင့် (၂၀၀၈)ခုနှစ် အတွင်းက မောင်တောခရိုင်ပြည်သူ့ဆောက် လုပ်ရေး လုပ်ငန်း၊ဘူးသီးတောင်၊မောင် တောမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းများက ပူးပေါင်းကာ ဥမင်လိုင်ခေါင်း ရှောင်ကွင်းလမ်းကြောင်းတစ်ခုအား ဖောက်လုပ်ထားကြောင်းကိုလည်း သိရသည်။
အဆိုပါရှောင်ကွင်းလမ်းမှာလည်း
မတ်စောက်လွန်းသည့် အကြမ်းထည် လမ်းပိုင်းဖြစ်သည့်အတွက်
လှိုင်ခေါင်းအတွင်းမှ သွားလာနိုင်ခြင်းမရှိပါက ခရီးသွားများအနေဖြင့်
အခြားလမ်းမရှိသဖြင့် အခက်တွေ့နိုင်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
ဘူးသီးတောင်-မောင်တော ကားလမ်းမှာ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံပို့ကုန်သွင်းကု န် လုပ်ငန်းများဆောင်ရွက်တွင် ပြည်တွင်းထွက်ကုန်များကိုဘူးသီးတောင်မှတစ်ဆင့် မောင်တောနယ်စပ်သို့ တင်ပို့ဆောင်ရွက်ခြင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်စည်းများကို ပြည်တွင်းသို့ကုန်သွယ်တင်ပို့ရာတွင်အဓိကအရေးပါနေသည့် တစ်ခုတည်းသော လမ်းမကြီးဖြစ်သည်။
နှစ်ကာလသက်တမ်းကြာမြင့်လာသည
အဆိုပါ လှိုင်ခေါင်းမှာ(၆၅၈)ပေရှည်
တည်ဆောက်ခဲ့သော ဗြိတိသျှကုမ္ပဏီအနေဖြင့် အဆိုပါလမ်းအား နှစ်ပေါင်း (၉၀) ကျော်အထိသာ အသုံးပြုသွား လာနိုင် မည်ဖြစ်ကြောင်း ၊သတ်မှတ်သက်တမ်း ကျော်လွန်လျင် လမ်းလှိုင်ခေါင်း ခေါင်မိုးပြိုကျမှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အတွက် အကြီးအစားပြုပြင်ရန် လိုအပ်မည်ဖြစ်ကြောင်း လမ်းသမိုင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါလှိုင်ခေါင်းမှာ ယခုအချိန်တွင် နှစ်ပေါင်းသက်တမ်း(၁၃၀)ထိရှ
“ ခေါင်မိုးက လွန်ခဲ့တဲ့(၁၅)နှစ်မတိုင်မီ
ထိုကဲ့သို့အခြေအနေများဖြစ်ေ
အဆိုပါရှောင်ကွင်းလမ်းမှာလည
ဘူးသီးတောင်-မောင်တော ကားလမ်းမှာ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံပို့ကုန်သွင်းကု