Searching...

Google က ၀န်ထမ်း ၄,၀၀၀ အလုပ်ဖြုတ်မယ်


Google က ၀န်ထမ်း ၄,၀၀၀ အလုပ်ဖြုတ်ဖို့
 ပြင်နေပြီ ဆိုပြီး နည်းပညာလောကမှာ 
သတင်းကြီးနေပါတယ်။


ဒီဝန်ထမ်းတွေဟာ Motorola Mobility ၀န်ထမ်းတွေ ဖြစ်ပါတယ်။Motorola မှာ လတ်တလော ရှိတဲ့ ၀န်ထမ်း အရေအတွက်က၂၀,၀၀၀ ၀န်းကျင်ပါ။အလျှော့ခံရမယ့် ၀န်ထမ်းတွေထဲက သုံးပုံနှစ်ပုံက အမေရိကန်နိုင်ငံအပြင်ဘက်က ၀န်ထမ်းတွေပါ တဲ့။

အမေရိကန်အင်တာနက်ကုမ္ပဏီကြီး Google က ဗိုက်နာ အရှုံးပြနေတဲ့ Motorola ကို ၀ယ်ထားတာ ၃ လပဲ ရှိပါသေးတယ်။

ဒါဟာ Google က သူ့ထက် အသက်ကြီးတဲ့ နည်းပညာကုမ္ပဏီကို ၀ယ်လိုက်တာပါပဲ။

Google က တခြားနည်းပညာနည်းပညာကုမ္ပဏီတွေကို လိုက်ဝယ်ပြီး အိတ်ထဲထည့်နေတာ ကြာပါပြီ။ သူဝယ်ထားတဲ့ထဲက အင်တာနက်လောက်မှာ နာမည်အကြီးဆုံးက Youtube ဖြစ်ဖွယ် ရှိပါတယ်။

တချို့ နည်းပညာကုမ္ပဏီတွေကိုတော့ မဟာမိတ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

အခုလို ကမ္ဘာမှာ ခေတ်စားနေတဲ့ စမတ်ဖုန်း၊ ကွန်ပျူတာပြားနဲ့ တခြားပစ္စည်းတွေ ထုတ်တဲ့ Motorola ကို ၀ယ်ခဲ့တဲ့အကြောင်းရင်းကတော့ ပြိုင်ဘက် ပန်းသီးတို့ ဘာတို့ထက် သာအောင် ကြိုးပမ်းတဲ့ ခြေလှမ်း ဖြစ်ပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာတဲ့ Google က နည်းပညာဈေးကွက်မှာ အသာစီးရဖို့ ဒေါ်လာသန်းပေါင်းများစွာ သုံးနေတာပါပဲ။

ယှဉ်ပြိုင်မှုကြီးမားတဲ့ နည်းပညာလောကမှာ Google က အခိုင်အမာ ရပ်တည်ဖို့ ကြိုးစားတဲ့ ခြေလှမ်းတွေ မီဒီယာမှာ မကြာခဏ ပါခဲ့ပြီးပါပြီ။

ပြိုင်ဘက်များထက် သာဖို့ Google က ငွေကို သောက်သောက်လဲ သုံးတဲ့ သတင်း မကြာခဏ ဖတ်ခဲ့ရပေမယ့် ချွေတာ စရိတ်ချုံ့တဲ့အနေနဲ့ ၀န်ထမ်းဦးရေ လျှော့ချတဲ့သတင်းကတော့ တခါတရံမှသာ ပေါ်လာတာ တွေ့ရပါတယ်။

 သို့သော်လည်း အခုလို အလုပ်ပြုတ်မယ့် ၀န်ထမ်း အရေအတွက်က ၄,၀၀၀ ဆိုတာတော့ တော်တော်များတဲ့ ပမာဏ ဖြစ်နေပါတယ်။
(ဧရာဝတီ)
 
အပေါ်သို့!