Searching...

မျိုးချစ်မြန်မာလူငယ်များအားလုံးသို့ အသိပေးနှိုးဆော်ခြင်း





ကျနော်များအစည်းအရုံး၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသားရေးကိစ္စများ၊


သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများအပါအ၀င်

အခြားသော လုပ်ငန်းစဉ်များအား လွယ်ကူချောမောစွာ လုပ်ဆောင်နိုင်ရေးအတွက်

ရံပုံငွေတည်ထောင်ထားနိုင်ရန်အလို့ငှာ အစည်းအရုံး၏ဘဏ်အကောင့်ကို

အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အစည်းအရုံးဝင်များအနေနှင့် အစည်းအရုံး၏လုပ်ငန်းစဉ်များကို

အမြန်ဆုံးဖော်ဆောင်နိုင်ရန် ထောက်ခံကူညီသောအားဖြင့် ရံပုံငွေများကို

တပိုင်တနိုင်ထည့်ဝင်ပေးကြပါရန်နှင့် ယခုလတ်တလောဖြစ်ပေါ်နေသည့် ရေဘေးဒုက္ခနှင့်

ရင်ဆိုင်နေရသည့် မိဘပြည်သူများအား မိမိတို့အစည်းအရုံးမှ ကူညီထောက်ပံ့မှုများ

ပြုလုပ်သွားရန်အစီအစဉ်ရှိပါသဖြင့် မိမိတို့ စိတ်စေတနာရှိသည့်အတိုင်း

ထည့်ဝင်ပေးလှူကြပါရန် လေးစားစွာအသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျား ............ ။
 
အပေါ်သို့!