Searching...

ရန်ကုန်အမှတ်(၃)လမ်းမကြီး လေးလမ်းသွားတိုးချဲ့မည်




ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရှိ အမှတ်(၃)လမ်းမကြီးကို လက် ရှိ (၂၂)ပေအကျယ်မှ (၄၈)ပေ အထိကျယ်သော လေးလမ်းသွား လမ်းမကြီးအဖြစ် ပွင့်လင်းရာသီ တွင် လမ်းတာပေါင်ချဲ့ထွင်သွား မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်မှပြောကြားသည်။
အဆိုပါလမ်းမကြီး၏ လမ်း တာပေါင်ချဲ့ခြင်းကို လာမည့် ပွင့် လင်းရာသီတွင်စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄

ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း အဆင့်အထိပြီးစီးအောင် စီမံ ချက်ဖြင့် ဆောင်ရွက်မည်ဟု သိရ သည်။
““အမှတ် ၃ လမ်းမကြီးကို မက်စ်မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီက (၄)လမ်းသွား (၄၈) ပေအကျယ်ထိ လမ်းတာပေါင် ချဲ့မယ်၊ ၂၀၁၃-၂၀၁၄ မှာ ကတ္တ ရာလမ်းအဆင့်ပြီးအောင် စီမံ ချက်နဲ့လုပ်မယ်””ဟု သူကဆိုသည်။
ယင်းအမျတ် ၃ လမ်းမကြီး သည် ဘုရင့်နောင်ဘက်သို့အသွား အပြန် ကုန်တင်ကားကြီးများ ၀င် ရောက်သွားလာခြင်း၊ အောင် မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ကားများ သွားလာခြင်း၊ သစ်လုံး တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ် များ နေ့စဉ် သွားလာနေသည်။ နှစ်လမ်းသွားအဖြစ် ဆောက်လုပ် ထားသော လမ်းဖြစ်သောကြောင့် လမ်းကြောပိတ်ဆို့မှုကို မကြာ ခဏဖြစ်ပွားလေ့ရှိသည်။
““လမ်းပြင်မယ်ဆိုရင် ဘုရင့် နောက်ဖက်က သွားလာမည့် ယာဉ်ကြီးတွေကို လမ်းကြောင်း ခဏပြောင်းထားဖို့လိုမယ်၊ ဒီလမ်း က အစကတည်းက လမ်းကြော ကြပ်တော့ လမ်းချဲ့နေစဉ်ဆို ပို ကြပ်မှာ၊လမ်းကြောင်းတွေ အရင် ရှင်းထားမှ အဆင်ပြေနိုင်မယ်””ဟု ဘုရင့်နောင် ၀င်းအတွင်းရှိ ကုန် စည်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
 
အပေါ်သို့!