by Myit Makha Mediagroup on 6 Sep, 2012
ကချင်ပြည်နယ် ABSDF မြောက်ပိုင်း ပါဂျောင်လူသတ်မှုကိစ္စအား တရားစီရင်မည်ဆိုပါက တရားဥပဒေစိုးမိုးမှုရှိသည့် အချိန်ရောက်မှ သာလျှင် အမှုမှန်ပေါ်ပေါက်နိုင်မည်ဖြစ
ပာကြားခဲ့သည်။
''ဒီမြောက်ပိုင်း ကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးမှုအချိန်ရောက်မှသာ
အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ကော်မတီ တစ်ခုဖွဲ့စည်းပြီး
အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်။ ABSDF အဖွဲ့ကိုလည်း ကျွန်တော်မလာခင်
အကြံပြုပြောဆိုခဲ့တာတွေရှိပါတယ်။ ABSDF အဖွဲ့ကစစ်မယ်ဆိုတာထက် ကြားခံကစစ်ရင် ပိုကောင်းမယ်''ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
၎င်းကဆက်ပြီး ''မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိဖို့အ တွက်ဆိုရင်
လက်ရှိတရားရုံး တွေရဲ့အနေအထားတွေက သိပ်အားရစရာ မရှိသေးပါဘူး။
ကျွန်တော်ကုန်ကုန်ပြောရရင် ကိုဖြိုးဝေအောင်ရဲ့ အမှုကိုပဲကြည့်
မဟုတ်ပါဘူးလို့ သက်သေထောက်အ ထားတွေနဲ့ ငြင်းနေပါရက်နဲ့ အမှုမှန်ပေါ်အောင်
မထုတ်ပေးပဲသူ့ကို ထောင်ကျခံလိုက်ရတယ်။''ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ ပါဂျောင်လူသတ်မှုဖြစ်စဉ်အား ပြန်လည်လွတ်မြောက်လာသည့် ABSDF ဟောင်းများက အသတ်ခံရသည့် မိသားစုဝင်များကို တရားစွဲဆိုလျှင် သက်သေနှင့်တကွ လိုက်ပါ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကိုလည်း အတိအလင်း ကြေငြာသည်။
''ဒီဖြစ်စဉ်မှာ သေသွားတဲ့ ကျောင်းသားမိဘတွေဟာ တရားစွဲချင်တယ်ဆိုရင် ကျွန်တော်တို့မှာ ရှိတဲ့ သက်သေတွေနဲ့ အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးပါမယ်။ တရားစွဲချင်တဲ့ သူများရှိရင် လည်း ကျွန်တော်တို့ကို ဆက်သွယ်လို့ ရပါတယ်။ တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားပါ့မယ်။'' ဟု ပြန်လည်လွတ်မြောက်ရာတွင် ပါဝင်ခဲ့သူ ABSDF ဟောင်း ကိုဘိုဘိုက ပြောသည်။
လွန်ခဲ့သော နှစ် (၂ဝ) အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ
ဒီမိုကရက်တစ် တပ်ဦး(ABSDF ) အဖွဲ့မှ သံသယဝင်သူ အယောက် (၁၅) ဦးခန့်အား
သတ်လိုက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအဖွဲ့များကလည်း ဝိုင်းဝန်းကူညီဖြေရှင်းပေး သင့်သည်ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။
''အရင်က ထောက်လှန်ရေးတွေကိုလည်း သားသမီးချင်းစာနာတဲ့စိတ်နဲ့
ဝင်ကူညီပေးကြပါ။ ဘာလို့လဲဆိုတော့ မဟုတ်ပဲနဲ့ စွပ်စွဲခံရတဲ့ တစ်ဖက်ကလည်း
အဖွဲ့အစည်းအနေနဲ့ မှားသွားတဲ့ ဟာမျိုး ရှိမယ်။ ကျွန်တော်တို့ ဗဟိုအနေနဲ့
မဟုတ်သော်ငြားလည်း တောင်းပန်ရမယ့် အနေ အထားပါ။ အဲလိုဟာမျိုးကို
ပြောချင်တယ်။ ဒါကို လုပ်ဆောင်ခဲ့တဲ့ ထောက်လှန်းရေးတွေ အနေနဲ့ကလည်း
ဝိုင်းကူပြီးတော့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ ''ဟု ၄င်းကဆက်ပြောသည်။
''ဒီမြောက်ပိုင်း ကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးမှုအချိန်ရေ
၎င်းကဆက်ပြီး ''မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိဖို့အ
အဆိုပါ ပါဂျောင်လူသတ်မှုဖြစ်စဉ်အား ပြန်လည်လွတ်မြောက်လာသည့် ABSDF ဟောင်းများက အသတ်ခံရသည့် မိသားစုဝင်များကို တရားစွဲဆိုလျှင် သက်သေနှင့်တကွ လိုက်ပါ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကိုလည်း အတိအလင်း ကြေငြာသည်။
''ဒီဖြစ်စဉ်မှာ သေသွားတဲ့ ကျောင်းသားမိဘတွေဟာ တရားစွဲချင်တယ်ဆိုရင် ကျွန်တော်တို့မှာ ရှိတဲ့ သက်သေတွေနဲ့ အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးပါမယ်။ တရားစွဲချင်တဲ့ သူများရှိရင် လည်း ကျွန်တော်တို့ကို ဆက်သွယ်လို့ ရပါတယ်။ တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားပါ့မယ်။'' ဟု ပြန်လည်လွတ်မြောက်ရာတွင် ပါဝင်ခဲ့သူ ABSDF ဟောင်း ကိုဘိုဘိုက ပြောသည်။
လွန်ခဲ့သော နှစ် (၂ဝ) အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကေ
''အရင်က ထောက်လှန်ရေးတွေကိုလည်း သားသမီးချင်းစာနာတဲ့စိတ်နဲ့