ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 6 Sep, 2012
ယာဉ်စည်းကမ်းထိန်းသိမ်းကြီး
ထိုတိုက်တွန်းနှိုးဆော်ချက်မှာ ၂ဝဝ၅(ဇွန်)တွင် တစ်ကြိမ်နှင့် ၂ဝဝ၇(မတ်)တွင် တစ်ကြိမ် တိုက်တွန်းနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်များလမ်းစည်းကမ်းများမလိုက်နာခြင်းတို့ကြောင့် ယခုရန်ကုန်မြို့တွင်ယာဉ်ကြောပိတ်ဆို့ မှုများအား ကူညီထောက်ပံ့ပေးနေသကဲ့သို့ ရှိနေခြင်းဖြစ်သည်ဟု မထသ(ဗဟို)က သိရသည်။
''ကျွန်တော်လမ်းတွေ ပိတ်တယ်။ လမ်းတွေပိတ်တယ်နဲ့ပြောနေတာ ထောင့်ပေါင်းစုံ ကနေ ကြည့်ရပါမယ် ယာဉ်စည်းကမ်းမလိုက်နာဘဲ လမ်းဘေးမှာ ဒီတိုင်းရပ်ထားတဲ့ ယာဉ်တွေ၊ လမ်းပြောင်းပြန် မောင်းတဲ့ယာဉ်တွေ၊ လမ်းဆိုးတာတွေ၊ ရှေ့ကကားက ဖြေးဖြေးလေး မောင်းနေတာတွေ အကြောင်းအရာ အများကြီးကြောင့်ပါ''ဟု မထသ(ဗဟို)ကော်မတီမှ ဥက္ကဌဦးလှအောင်က ပြောသည်။
အဆိုပါယာဉ်ကြောပိတ်ဆို့မှုများကြောင့် ဝန်ထမ်းအလုပ်သမားပြည်သူများ အနေဖြင့် အလုပ်သွားအလုပ်ပြန် အချိန်ကြန့်ကြာ မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရသည်။
''တစ်နေရာရာသွားရင်ကိုယ့်ထဲ ကနေအချိန်တော်တော်ပေးနေရတော့  အခုဆိုရင် ကားပေါ်တက်တာနဲ့ စာအုပ်ဖွင့်ပြီးဖတ်နေရတော့ ကိုယ့်ထဲက အချိန်ပေးနေရလည်း စာအုပ်ဖတ်နေတာဆိုတော့ အကျိုးမယုတ်တော့ဘူးပေါ့''ဟု ကမာရွတ်မြို့နယ်နေ လူငယ်တစ်ဦးကပြောသည်။
ရန်ကုန်မြို့တော်ရှိ ယာဉ်ကြော(၃)ကြောရှိသည့်လမ်း များ၌ ယာဘက်ယာဉ်ကြောသည် တစ်နာရီမိုင်(၂ဝ)နှုန်းဖြစ်ြ ပီး၊ အလယ်ယာဉ်ကြောသည် တစ်နာရီမိုင်(၃ဝ)နှုန်းဖြစ်ကာ ဝဲဘက်ယာဉ်ကြောသည် ကျော်တက်ချိန်၌တစ်နာရီမိုင် (၄ဝ)နှုန်း သတ်မှတ်ထားကြောင်းသိရသည်။
ခရီးသည်တင်ယာဉ်များမှာမူ ယာဘက်ယာဉ်ကြောအစွန်မှသာ မောင်းနှင်ရပြီး၊ ဖြည်းဖြည်း မှန်မှန်သာမောင်းနှင်နိုင်သ ည့် ယာဉ်များမှာဝဲဘက်အစွန်ဆုံးယာဉ်ကြောတွင် ဝဲဘက်ကွေ့မည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် ယာဉ်ကြောပိတ်မမောင်းနှင် ရကြောင်းကိုလည်း သိရသည်။
အထက်ပါအချက်များကိုကြည့်၍ မထသ(ဗဟို)မှသတ်မှတ်ထားသည့်ယာဉ်ကြောတွင် ယာဉ်များပိတ်ဆို့မှုရပ်နားထားခြင်းများအား ထိရောက်စွာအရေးယူလျှင် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းလာနိုင်ကြောင်းကို အကြံပြုထားသည်။
ရန်ကုန်မြို့တွင်ယာဉ်များမှာ ယခင်ကထက်များပြားလာသောကြောင့် စည်းကမ်းမလိုက်နာသော ယာဉ်များတဖြည်းဖြည်း များပြားလာပြီး၊ ယာဉ်ကြောပိတ်ဆို့မှုများလည်း ပိုမိုဖြစ်ပွားလာကြောင်းတွေ့ ရှိရသည်။
၂ဝ၁၁သြဂုတ်လဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းသို့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်း၊ အထူးပါမစ်များဖြင့် ဝင်ရောက်လာသော ကားအရေအတွက်မှာ စီးရေ(၆၅ဝဝဝ)ကျော်ပြီဖြစ်ြေ ကာင်းသိရသည်။
ယာဉ်များလမ်းစည်းကမ်းများမလ
''ကျွန်တော်လမ်းတွေ ပိတ်တယ်။ လမ်းတွေပိတ်တယ်နဲ့ပြောနေတာ ထောင့်ပေါင်းစုံ ကနေ ကြည့်ရပါမယ် ယာဉ်စည်းကမ်းမလိုက်နာဘဲ လမ်းဘေးမှာ ဒီတိုင်းရပ်ထားတဲ့ ယာဉ်တွေ၊ လမ်းပြောင်းပြန် မောင်းတဲ့ယာဉ်တွေ၊ လမ်းဆိုးတာတွေ၊ ရှေ့ကကားက ဖြေးဖြေးလေး မောင်းနေတာတွေ အကြောင်းအရာ အများကြီးကြောင့်ပါ''ဟု မထသ(ဗဟို)ကော်မတီမှ ဥက္ကဌဦးလှအောင်က ပြောသည်။
အဆိုပါယာဉ်ကြောပိတ်ဆို့မှုမျ
''တစ်နေရာရာသွားရင်ကိုယ့်ထဲ
ရန်ကုန်မြို့တော်ရှိ ယာဉ်ကြော(၃)ကြောရှိသည့်လမ်း
ခရီးသည်တင်ယာဉ်များမှာမူ ယာဘက်ယာဉ်ကြောအစွန်မှသာ မောင်းနှင်ရပြီး၊ ဖြည်းဖြည်း မှန်မှန်သာမောင်းနှင်နိုင်သ
အထက်ပါအချက်များကိုကြည့်၍ မထသ(ဗဟို)မှသတ်မှတ်ထားသည့်ယ
ရန်ကုန်မြို့တွင်ယာဉ်များမှ
၂ဝ၁၁သြဂုတ်လဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းသို့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင