by Myit Makha Mediagroup on 6 Sep, 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း
“စီမံချက်က ဟိုအရင်ကတည်းက ရှိသင့်တယ်။ အခုလိုအထူးက အထူးကားလိုမောင်းလာတာဆိုတော့  ဒီလို စည်းကမ်းထိန်းသိမ်းမူမျိုးက ကောင်းပါတယ်။ သွားလာ ရတာအဆင်ပြေလာတယ်။”ဟု မြောက်ဥက္ကလာပမှ ကြည့်မြင်တိုင်သို့ နေ့စဉ်သွားလာနေသူ ကိုဝင်းလွင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံချက်အရ စည်းကမ်းလိုက်နာမူမရှိသော ခရီးသည်တင်ယာဉ်များအား အထူးစီမံချက် ဥပဒေ (၅၃) ချက်ဖြင့် သြဂုတ်လကုန်ပိုင်း-စက်တင်ဘာ လမှစတင် အရေးယူဆောင်ရွက်လျက်ရှိကြော င်း သိရှိရသည်။
“အထူးကားတွေဆိုရင်အရင်က လူပြည့်ကြပ်နေအောင် တင်တယ်။ ဒါပေမယ့် အခုမရတော့ဘူး။ တင်တဲ့သူရော ကားပိုင်ရှင်ရောကို ငွေဒဏ်တို့ လိုင်းပိတ်တာတို့အထိ အရေးယူသွားမှာဖြစ်တယ်။ စီမံချက်ကာလတင်မဟုတ်ပါ ဘူး။ ရေရှည် လုပ်သွားမှာပါ။”ဟု မ.ထ.သ (ဗဟို)စည်းကမ်းထိန်းသိမ်းရေးဌာနခွဲမှူး ဦးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် အထူးစီမံချက်ဖြင့် စည်းကမ်းလိုက်နာမှုမရှိသော ပါရမီယာဉ်လိုင်းမှ (၁၄)စီး၊ မြောက်ပိုင်းခရိုင်မှ (၁)စီး၊ အနောက်ပိုင်းခရိုင်မှ (၂)စီး၊ အရှေ့ပိုင်းခရိုင်မှ (၂)စီး စုစုပေါင်း (၁၉)စီးအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ထိမ်းသိမ်းထားကြောင်း သိရှိရသည်။
မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်အထူးယာဉ်များ၌ သတ်မှတ်ခရီးသည်များထက် မတ်တပ်ရပ်တင်ဆောင် မှုများရှိနေပြီး မတ်တပ်ရပ်တင်ဆောင်မှုတွင်လည်း အဆင်းအတက်လွယ်ကူစွာပြုလုပ်နိုင်သော
တင်ဆောင်မူမျိုး မဟုတ်ခြင်းကြောင့် သွားလာမူအခက်အခဲများ
ဖြစ်ပေါ်ခဲ့သော်လည်း စက်တင်ဘာ (၁)ရက်နေ့မှစတင်၍ သွားလာမူအဆင်ပြေလွယ်ကူလာကြောင်း ခရီးသည်များပြောပြချက်အရသိရှိရသည်။
“အခုစီမံချက်ရှိလို့ မတပ်တင်ရဘူးလို့ အုံနာက မှာထားလိုတဲ့ စပယ်ယာက။ အုံနာရော ကားမောင်းရော စပယ်ယာပါ အရေးယူမှာဆိုတော့ ကောင်းပါတယ်။ နောက်လဲ လိုအပ်တဲ့နေရာတွေမှာ ဒီထက်တင်းကြပ်တဲ့ ဥပဒေတွေနဲ့ဆိုရင်ကောင်းမယ်။ လာဒ်ပေးလာဒ်ယူတာတွေရှိနေရင် တော့ မထူးပါဘူး။ အဲဒါလည်း ပပျောက် ဖို့ပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ် (၅)လမ်းနေ မသီရိအေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်း၌
နေ့စဉ် ခရီးသည်တင်ယာဉ် (၄၅၀၀)စီး ၀န်းကျင်ပြေးဆွဲနေပြီး ခရီးသည်
တင်ဆောင်မူမှာ ခရီးစဉ်(အသွား/ပြန်) တစ်ကြောင်းလျှင် ပျှမ်းမျှ ခရီးသည် ၁၁၇
ဦးရှိကြောင်း မ.ထ.သ ဗဟို၏ စစ်တမ်းကောက်ချက်အရသိရသည်
ရန်ကုန်တိုင်းဒေသကြီး စီမံချက်အရ စည်းကမ်းလိုက်နာမူမရှိသော ခရီးသည်တင်ယာဉ်များအား အထူးစီမံချက် ဥပဒေ (၅၃) ချက်ဖြင့် သြဂုတ်လကုန်ပိုင်း-စက်တင်ဘာ
“အထူးကားတွေဆိုရင်အရင်က လူပြည့်ကြပ်နေအောင် တင်တယ်။ ဒါပေမယ့် အခုမရတော့ဘူး။ တင်တဲ့သူရော ကားပိုင်ရှင်ရောကို ငွေဒဏ်တို့ လိုင်းပိတ်တာတို့အထိ အရေးယူသွားမှာဖြစ်တယ်။ စီမံချက်ကာလတင်မဟုတ်ပါ ဘူး။ ရေရှည် လုပ်သွားမှာပါ။”ဟု မ.ထ.သ (ဗဟို)စည်းကမ်းထိန်းသိမ်းရေ
လက်ရှိတွင် အထူးစီမံချက်ဖြင့် စည်းကမ်းလိုက်နာမှုမရှိသော ပါရမီယာဉ်လိုင်းမှ (၁၄)စီး၊ မြောက်ပိုင်းခရိုင်မှ (၁)စီး၊ အနောက်ပိုင်းခရိုင်မှ (၂)စီး၊ အရှေ့ပိုင်းခရိုင်မှ (၂)စီး စုစုပေါင်း (၁၉)စီးအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ
မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်အထူးယာဉ်များ၌ သတ်မှတ်ခရီးသည်များထက် မတ်တပ်ရပ်တင်ဆောင် မှုများရှိနေပြီး မတ်တပ်ရပ်တင်ဆောင်မှုတွင်လည်
“အခုစီမံချက်ရှိလို့ မတပ်တင်ရဘူးလို့ အုံနာက မှာထားလိုတဲ့ စပယ်ယာက။ အုံနာရော ကားမောင်းရော စပယ်ယာပါ အရေးယူမှာဆိုတော့ ကောင်းပါတယ်။ နောက်လဲ လိုအပ်တဲ့နေရာတွေမှာ ဒီထက်တင်းကြပ်တဲ့ ဥပဒေတွေနဲ့ဆိုရင်ကောင်းမယ်။
ရန်ကုန်တိုင်းဒေသကြီးတွင်း၌
