Searching...

အကြမ်းဖက်အားပေးသည့် နိုင်ငံများ ကုလသမဂ္ဂတွင်နေရာမရှိစေရ


Friday, 28 September 2012

လောလောဆယ်ကျင်းပလျက် ရှိသည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ

ညီလာခံတွင် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်(၁၉၃)နိုင်ငံမှ နိုင်ငံ ခေါင်းဆောင်များ
တက်ရောက် လျက်ရှိသည်။

အမေရိကန်သမ္မတ အိုဘားမားက စက်တင်ဘာ(၂၅) ရက်နေ့တွင် ကုလသမဂ္ဂစင်မြင့် ၌ မိနစ်(၃၀)ကြာ အထွေထွေမိန့် ခွန်း တစ်ရပ်
ပြောကြားရာ၌ အမေရိကန်ပြည်ထောင်စုနှင့်အမေရိကန်နိုင်ငံသားများအား ပုတ်ခတ် စွပ်စွဲနေမှု၊အကြမ်းဖက် သတ်ဖြတ် မှုများကို လုပ်ဆောင်နေကြသူ များအနေဖြင့် ရပ်တန်းကရပ်သင့် ပြီဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင် များအား တိုက်တွန်းပြောကြား သွားသည်။

၎င်းက မကြာမီက လစ်ဗျားနိုင်ငံတွင် သံအမတ်ကြီး နှင့်သံရုံးဝန်ထမ်း(၄)ဦး
လုပ်ကြံသတ် ဖြတ်ခံရမှု၊အီရန်နိုင်ငံက နျူကလီးယားဗုံးထုတ်လုပ်ရန်
ကြိုးပမ်းနေမှု၊ အောက်လမ်းနည်းတွေသုံးပြီး၊ အာရပ်အစ္စရေး ပဋိပက္ခတွေ ကျယ်ပြန့်အောင်သွေးထိုးလှုံ့ဆော် နေမှုများကို ထောက်ပြပြောဆို သွားသည်။

ထို့အပြင် အမေရိကန်နှင့် အာရပ်နိုင်ငံများအကြား ပဋိပက္ခ များကျယ်ပြန့်အောင် အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များပို၍ ပို၍ဆိုရွားလာအောင်လှုံ့ဆော်နေ ကြသည့် အီဂျစ်၊တူနီးရှား၊အင်ဒို နီးရှားနှင့်အခြားမူဆလင်နိုင်ငံများ မှအစွန်းရောက်များကိုလည်း ဆူ ပူအကြမ်းဖက်မှုများ ရပ်တန့်ရန် သတိပေးလိုက်သည်။

““သံအမတ် ကြီး ခရစ္စတီဗင်ကဲ့သို့ အဖြစ်ဆိုး မျိုး အမေရိကန်
ပြည်သူများအနေ ဖြင့် နောက်ထပ်တစ်ကြိမ်မည် သည့်နည်းနှင့်မျှ
အဖြစ်ခံမည်မဟုတ် ကြောင်း၊ထိုသူများသို့မဟုတ် ထို သို့လုပ်ဆောင်ရန် အားပေးလှုံ့ ဆော်သူများအနေဖြင့် ကမ္ဘာ့ကုလ သမဂ္ဂတွင်
နေရာရှိမည်မဟုတ်ဟု ကျွန်ုပ်အခိုင်အမာပြောကြားပါ တယ်””ဟု သမ္မတအိုဘားမား ပြောကြားသွားသည်။
 
အပေါ်သို့!