Searching...

" ဗိုလ်ချုပ်အောင်ဆန်းရုပ်ထူအား ပြည်သူ့ရင်ပြင်တွင် ထားရှိနိုင်ရေး ပြည်ထောင်စု အစိုးရသို့ တင်ပြမည်"



ရန်ကုန်၊ စက်တင်ဘာ ၂၈

အမြင့်ပေ ၂၀ အရွယ်အစားရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထူအား ပြည်သူ့ရင်ပြင်တွင် ထားရှိနိုင်ရေး ပြည်ထောင်စု အစိုးရသို့ တင်ပြပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောသည်။


သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏ အဆိုကို အထက်ပါအတိုင်း ဆောင်ရွက်ပေးရန် ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းမှလည်း ပြည်သူ့ရင်ပြင်၌ ပေ ၂၀ အထက် အမြင့်ရှိ ဗိုလ်ချုပ်ရုပ်ထုပြုလုပ်ရန်အတွက် ဘတ်ဂျက်အခက်အခဲရှိပါက ပါတီစုံကိုယ်စားလှယ်များဖြင့် ကြေးရုပ်ဖြစ်မြောက် ရေးကော်မတီဖွဲ့စည်း၍ ပြည်သူများထံမှ လှူဒါန်းငွေကြေးရရှိရန် ဆောင်ရွက်သွားနိုင်ကြောင်း အကြံပြုပြောကြားခဲ့သည်။
 
အပေါ်သို့!